အမ်းမြို့နယ်တွင် ကားတစ်စီးချောက်ထဲထိုးကျပြီး ယာဉ်မောင်းသေဆုံး


ဇွန်လ ၂၄

ယနေ့ ညနေ ၆ နာရီကျော် အချိန်ခန့်က အမ်းမြို့နယ် မိုင်တိုင်အမှတ် ၇ မိုင် ၁ ဖာလုံတွင် လုပ်ငန်းသုံး ကား တစ်စီး တိမ်းမှောက်မှုကြောင့် ဒရိုင်ဘာ သေဆုံးပြီး ကားပေါ်တွင် လိုက်ပါလာသူများ အမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည် ။


ကနဦး သတင်းအရ အမ်းမြို့နယ် ရှောက်ခြုံကျေး ရွာမှ လယ်သမား ၃၂ ဦးသည် စိုက်ပျိုးစရိတ် ချေးငွေသွား ထုတ်ရန် ယင်းကားအား အသွားအပြန်ငှားပြီး ရွာသို့ အပြန်တွင် ကားဘရိတ် ပေါက်ကာ တိမ်းမှောက် ခဲ့ခြင်း ဖြစ်ကြောင်း အမ်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူးကပြောသည် ၊၊

ယခု အခါ ခရီးသည် ၃၂ ထဲမှ ဒဏ်ရာ မပြင်းထန်သူ ၁၄ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ၁၈ ဦးကို အတွင်းလူနာအဖြစ် အမ်းဆေးရုံတွင် တက်ရောက်ကုသခံ နေရကြောင်းသိရသည် ၊၊

ဓာတ်ပုံ / ကိုဇော်လင်းအောင်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
အမ်းမြို့နယ်တွင် ကားတစ်စီးချောက်ထဲထိုးကျပြီး ယာဉ်မောင်းသေဆုံး အမ်းမြို့နယ်တွင် ကားတစ်စီးချောက်ထဲထိုးကျပြီး ယာဉ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 08:03 Rating: 5
Powered by Blogger.