(Photo credit:- Fortify Rights ) |
လက်ထိပ်ခတ်ထားတဲ့ အရပ်ဝတ် သုံးဦးကို မြန်မာစစ်သားတွေက ခြေထောက်နဲ့ ကန်သူက ကန်၊ သံခမောက်နဲ့ မျက်နှာကို ဖြတ်ရိုက်တဲ့ သူကရိုက်တဲ့ အပြင်၊ မေးမြန်းရင်းသတ်ပြစ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုနေသံတွေ ပါဝင်တဲ့ ၁၇-မိနစ်ကြာဗီဒီယိုတစ်ခု လူမူရေးစာမျက်နှာတွေမှာ စနေနေ့က ပြန့်နှံခဲ့ပြီးနောက် လူ့အခွင့်အရေးအဖွဲ့တွေက အခုလိုတောင်းဆိုလိုက်တာပါ။
အနိပ်စက်ခံရသူတွေကို TNLA တအန်းပလောင်တပ်ဖွဲ့နဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေတာဖြစ်ပါတယ်။ နိပ်စက်နေတဲ့ စစ်သည်တွေဟာ တပ်မ ၈၈ ကဖြစ်နိုင်တယ်လို့ Fortify Rights အဖွဲ့ကပြောပါတယ်။ ဒါပေမဲ့ ဒီဗွီဒီယိုရိုက်ကူးတဲ့ နေရာနဲ့ နေ့ရက်ကိုတော့ မသိရှိရပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဘို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ နဲ့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က မနေ့က တောင်းဆိုထားတာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အရပ်ဝတ်တွေကို မြန်မာစစ်သား နှိပ်စက်မှု စုံစမ်းဖို့ HRW, AI တိုက်တွန်း
Reviewed by THITHTOOLWIN
on
06:38
Rating: