အမြန်​လမ်းတွင်​ ​ရွှေမန်းသူ ခရီးသည်​တင်​ Express ယာဉ်​မှ light truck ယာဉ်​ကို​ နောက်​မှဝင်​တိုက်​ ၂ ဦး​သေ ၁၄ ဦး ဒဏ်​ရာရ


နေပြည်​​တော်​ ၊​မေ ၃၁

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏ ဥတ္တရသီရိမြို့ နယ်​ မိုင်​တိုင်​အမှတ်​ ၂၀၇/၄ နှင့် ၅ အကြား မန္တ​လေးဘက်​မှ ရန်​ကုန်​ဘက်​သို့ ယာ​မောင်း သန်းနိုင်​စိုး ​မောင်​နှင်​လာ​သော ​ရွှေမန်းသူ Express ခရီးသည်​တင်​ယာဉ်​ မှာ ​မေ ၃၁ နံနက်​ ၂ နာရီခန်​က အရှိန်​မထိမ်းနိုင်​ဘဲ ​ရှေ့ကွန်​ကရစ်​လမ်းအစပ်​​တွင်​ ရပ်​ထား​သော ယာဉ်​​မောင်း ဦးတင်​ထွန်း​မောင်းနှင်​သည့် Light truck ယာဉ်​အား ​နောက်​မှဝင်​တိုက်​ခဲ့​ပြီး ​ရွှေမန်းသူ ယာဉ်​​မောင်းမှာအခင်း ဖြစ်​ပွားရာ​နေရာမှ ထွက်​​ပြေးတိမ်း​ရှောင်​ခဲ့သည်​။

ဖြစ်​စဉ်​​ကြောင့် ​ရွှေမန်းသူ Express ယာဉ်​​ပေါ်တွင်​ ယာဉ်​​မောင်းပါ ခရီး သည်​ ၃၅ ဦးမှာ ထိခိုက်​မှုမရှိ​သော်​လည်း Light Truck ယာဉ်​​ပေါ်တွင်​ ယာဉ်​​မောင်းပါ အမျိုးသား ၁၈ဦး အနက်​ ၂ ဦး​သေဆုံးပြီး ၁၄ ဦး မှာ အတွင်းလူနာအဖြစ်​ ဒဏ်​ရာရရှိခဲ့သည်​။ ​သေဆုံးသူရုပ်​အ​လောင်းနှင့် ဒဏ်​ရာရရှိသူ များအား ပန်းတင်​အမြန်​လမ်းရဲတပ်​ဖွဲ့ပိုင်​ ​မော်​​တော်​ယဉ်​ဖြင့် ​နေပြည်​​တော်​ ခုတင်​ ၁၀၀၀ ​ဆေးရုံသို့ ပို့​ဆောင်​​ပေးခဲ့ရ​ကြောင်း သိရသည်​။


အဆိုပါ ​ရွှေမန်းသူExpress ယာဉ်​​မောင်းအား ဖမ်းဆီးရရှိရေးအတွက် ​ဂိတ်​တာဝန်​ခံများနှင့် ဆက်​သွယ်​​ဆောင်​ရွက်​ခဲ့ရာ​ အောင်​မင်္ဂလာအ​ဝေး​ပြေးဂိတ်​ တာဝန်​ခံမှ အဆိုပါ ယာ​ဉ်​​မောင်း သန်းစိုးနိုင်​အား ယ​နေ့ နံနက်​ ၁၀ နာရီခွဲတွင်​ ရဲစခန်းသို့လာ​ရောက်​အပ်​နှံခဲ့​သည်​။

သို့ပါ၍ယာဉ်​ကိုမဆင်​မခြင် ​​ပေါ့ဆစွာ​မောင်းနှင်​သူ ​ရွှေမန်းသူExpress ယာဉ်​​မောင်းအား ပန်းတင်​အမြန်​လမ်းရဲ တပ်​ဖွဲ့စခန်းမှ ယာဉ်​(ပ)၅/၂၀၁၇၊ရာဇသတ်​ကြီးပုဒ်​မ ၃၀၄-က/၃၃၈/၃၃၇ အရအမှုဖွင့် အ​ရေးယူထား​ကြောင်းသိရသည်​။

ညီညီသန်း(​နေပြည်​​တော်​)၊ ဓာတ်​ပုံ/အမြန်​လမ်းရဲတပ်​ဖွဲ့
Nan Myat Oo (fb)
အမြန်​လမ်းတွင်​ ​ရွှေမန်းသူ ခရီးသည်​တင်​ Express ယာဉ်​မှ light truck ယာဉ်​ကို​ နောက်​မှဝင်​တိုက်​ ၂ ဦး​သေ ၁၄ ဦး ဒဏ်​ရာရ အမြန်​လမ်းတွင်​ ​ရွှေမန်းသူ ခရီးသည်​တင်​ Express ယာဉ်​မှ light truck ယာဉ်​ကို​ နောက်​မှဝင်​တိုက်​ ၂ ဦး​သေ ၁၄ ဦး ဒဏ်​ရာရ Reviewed by THITHTOOLWIN on 13:58 Rating: 5
Powered by Blogger.