နယူးမန္တလာထွန်း လမ်းဘေးသစ်ပင်တိုက်မိ တစ်ဦးသေဆုံး ၊ ၈ ဦး ဒဏ်ရာရ


စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာအနီး မုံရွာ - မန္တလေးကားလမ်းမကြီးပေါ်ရှိ ရေပိုးစားကန်ဘောင်ဘေးမှာ မေလ၂၆ရက်နေ့  နံနက် ၅နာရီခွဲခန့်က နယူးမန္တလာထွန်းခရီးသည်တင်ယာဉ် လမ်းဘေးသစ်ပင် ၀င်တိုက်မှုကြောင့် ယာဉ်နောက်လိုက် သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


အဆိုပါ ခရီးသည်တင်ယာဉ်ဟာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကားလမ်းချော်မှုဖြစ်ကာ လမ်းဘေးသစ်ပင် ဝင်တိုက်မိခြင်း ဖြစ်ကြောင်း သိရပြီး  ချောင်းဦးမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

သစ်ထူးလွင်

နယူးမန္တလာထွန်း လမ်းဘေးသစ်ပင်တိုက်မိ တစ်ဦးသေဆုံး ၊ ၈ ဦး ဒဏ်ရာရ နယူးမန္တလာထွန်း လမ်းဘေးသစ်ပင်တိုက်မိ တစ်ဦးသေဆုံး ၊ ၈ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.