ဧရာဝတီ မြစ်ထဲ ရေဆင်းချိုးသူ နှစ်ဦး ရေနစ်ပျောက်ဆုံး


မေ -၂၃

ဧရာဝတီမြစ်တွင် ရေဆင်းချိုးရာမှ လူနှစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောင်ကွင်းအနောက်ဘက်ရှိ လုံဂါပါစားသောက်ဆိုင်အနီး မြစ်ဆိပ်တွင် မေလ ၂၃ ရက်နေ့ ယနေ့ ညနေပိုင်းက လူသုံးဦးရေဆင်းချိုးရာမှ နှစ်ဦးမှာ ရေနစ်ပြီးရေစီးတွင် မျောပါပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။


"ဘယ်အရွယ်တွေ ဘယ်သူတွေဆိုတာကို မသိရသေးပါဘူး။လက်ရှိအချိန်ထိ ကျွန်တော်တို့သိရသလောက်ကတော့ ရေချိုးတဲ့လူသုံးဦးဖြစ်ပြီး တစ်ဦးကတော့ လွတ်သွားတယ်။နှစ်ဦးကတော့ ရေနစ်သွားပြီးကတည်းက ပြန်မပေါ်လာတော့တာလို့ သိရပါတယ်။ကျန်တာတော့ ဘာမှမသိရသေးပါဘူး။ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့ဆီကလည်း အခုအချိန်ထိ ထူးခြားတဲ့အခြေအနေရှိကြောင်း ဆက်သွယ်လာတာမျိုး မရှိသေးပါဘူး´´ဟု ပြည်နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ကယ်ဆယ်ရေးယာဉ်တစ်စီး၊မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးစေလွှတ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။

ဝေဖြိုးအောင်
Photo by / zung Ki (Facebook)
https://www.facebook.com/myitkyinanewsjournal.mm
ဧရာဝတီ မြစ်ထဲ ရေဆင်းချိုးသူ နှစ်ဦး ရေနစ်ပျောက်ဆုံး ဧရာဝတီ မြစ်ထဲ ရေဆင်းချိုးသူ နှစ်ဦး ရေနစ်ပျောက်ဆုံး Reviewed by THITHTOOLWIN on 22:59 Rating: 5
Powered by Blogger.