အမေရိကန်သံရုံးရှေ့ ဆန္ဒပြခဲ့သူ ၄ ဦး အာမခံပယ်ချခံရ


အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးဖြစ်တဲ့ ဦးဝင်းကိုကိုလတ်၊ ဦးသက်မျိုးဦး၊ ဦးနိုင်ဝင်းထွန်း(ခေါ်)နောင်တော်လေးနဲ့ ကိုရန်ကုန် တို့ကို နိုင်ငံတော်အကြည်ညှိပျက်စေတဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုထားရာကို အာမခံလျောက်ထားရာမှာ ကမာရွတ်မြို့နယ် တရားရုံးက အာမခံပယ်ချလိုက်တာကြောင့် အင်းစိန်အကျဉ်းထောင်ကို ခေါ်ဆောင်သွားပါတယ်။


ပြီးခဲ့တဲ့၂၀၁၆ ခုနှစ်က အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ရိုဟင်ဂျာအမည်သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးရှေ့မှာ ခွင့်ပြုချက်မဲ့ ဆန္ဒပြခဲ့တာကြောင့် အခုလို တရားစွဲဆိုခံရတာဖြစ်ပါတယ်။
တရားစွဲဆိုထားရာမှာ အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးနဲ့ ဆရာတော် ဦးပါမောက္ခ အပါအဝင် သံဃာတော် ၃ ပါးကို တရားရင်ဆိုင်ဖို့ ကမာရွတ်တရားရုံးကဆင့်ခေါ်ရာမှာ ဆရာတော် ဦးပါမောက္ခ အပါအဝင် သံဃာတော်သုံးပါးဟာ ခွင့်မဲ့ပျက်ကွက်ခဲ့ပါတယ်။

photo: Htet Arkar, Thiha Tun/RFA
RFA Burmese
https://www.facebook.com/rfaburmese
အမေရိကန်သံရုံးရှေ့ ဆန္ဒပြခဲ့သူ ၄ ဦး အာမခံပယ်ချခံရ အမေရိကန်သံရုံးရှေ့ ဆန္ဒပြခဲ့သူ ၄ ဦး အာမခံပယ်ချခံရ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.