အိန္ဒိယ အရှေ့ပိုင်းတွင် မိုးကြိုးပစ်ခြင်း၊ မိုးသည်ထန်စွာ ရွာသွန်းခြင်းကြောင့် လူပေါင်း ၂၃ ဦး သေဆုံး

ကောင်းကင်တွင် လျှပ်စီးလက်နေခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

    နယူးဒေလီ၊ မေ ၂၉ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးကြိုးပစ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆက်စပ်လျက် အနည်းဆုံး လူပေါင်း ၂၃ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက မေလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ခရိုင်ပေါင်း ၈ ခုမှ လူပေါင်း ၁၈ ဦးတို့မှာ မိုးကြိုးထိမှန်၍ သေဆုံးခဲ့ပြီး ကျန်လူများမှာ ဘီဟာပြည်နယ် အနောက်ဘက် ချန်ပါရန်ခရိုင်တွင်  မုန်တိုင်းဒဏ်ခံရသည့် နံရံ တစ်ခု ပြိုကျမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သဘာဝဘေး စီမံခန့်ခွဲမှု အရာရှိ Manoj Kumar က မီဒီယာသို့ ပြောကြားခဲ့သည်။သဘာဝဘေးဒဏ် ခံခဲ့ရသည့် မိသားစု တစ်စုချင်းစီအတွက် လျော်ကြေးငွေ ရူပီး ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၀၀) ပေးအပ်မည် ဖြစ်ကြောင်း ပြည်နယ် အစိုးရက ကြေညာခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အိန္ဒိယ အရှေ့ပိုင်းတွင် မိုးကြိုးပစ်ခြင်း၊ မိုးသည်ထန်စွာ ရွာသွန်းခြင်းကြောင့် လူပေါင်း ၂၃ ဦး သေဆုံး အိန္ဒိယ အရှေ့ပိုင်းတွင် မိုးကြိုးပစ်ခြင်း၊ မိုးသည်ထန်စွာ ရွာသွန်းခြင်းကြောင့် လူပေါင်း ၂၃ ဦး သေဆုံး Reviewed by THITHTOOLWIN on 15:24 Rating: 5
Powered by Blogger.