ကျပ်သိန်း ၄၁၇၆ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းကျော် မြေကျင်းတွင်းပြီး မြှုပ်ထားရာမှ တွေ့ရှိ


တာချီလိတ် မေ ၃၀

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းအုပ်စု ပါခါးကျေးရွာအနီးရှိ လက်ဖက်ခြံအား တာချီလိတ်တပ်နယ်မှ တပ်မတော်သားများနှင့် မူးယစ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က မေ ၂၉ ရက်တွင် ၀င်ရောက်ရှာဖွေရာ မြေကျင်းအတွင်း မြှုပ်ထားသော သံသေတ္တာနှစ်လုံးအတွင်းမှ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၄၁၇၆ ရှိသည့် စိတ်ကြွဆေးပြားများ ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၉ ရက် နံနက် ၁၁ နာရီခန့်က နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မူးယစ်တပ်ဖွဲ့စု ၃၀ တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လက်ဖက်ခြံအတွင်း ရှာဖွေရာ အားဂျေနှင့် မာထတို့နှစ်ဦးအား တွေ့ရပြီး မြေကြီးအတွင်း မြှုပ်ထားသည့် သံသေတ္တာနှစ်လုံးအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား၂၁၈၄၀၀ ပြား၊ အလေးချိန် ၂၁ ဒသမ ၈၄ ကီလိုခန့်၊ စိတ်ကြွရူးသွပ်ဆေးပြားပြုလုပ်ရန် အသင့်ရောစပ်ထားသည့် ပန်းရောင်အမှုန့် အလေးချိန် ငါးကီလိုခန့်ပါ တစ်ထုပ်နှင့် စိတ်ကြွရူးသွပ်ဆေးပြားပြုလုပ်ရန် အသင့်ရောစပ်ထားသည့် ရေစိုပျက်စီးနေသော ပန်းရောင်အမှုန့် အလေးချိန် နှစ်ကီလိုခန့်ပါ တစ်ထုပ်တို့အား ရှာဖွေတွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အားဂျေနှင့် မာထတို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ယဉ်ကျေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျပ်သိန်း ၄၁၇၆ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းကျော် မြေကျင်းတွင်းပြီး မြှုပ်ထားရာမှ တွေ့ရှိ ကျပ်သိန်း ၄၁၇၆ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းကျော် မြေကျင်းတွင်းပြီး မြှုပ်ထားရာမှ တွေ့ရှိ Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.