ရခိုင်မြောက်ပိုင်း မုန်တိုင်းပြင်းထန်စွာဝင်ရောက်တိုက်ခတ်၊ အပျက်အစီးများ၊ နံနက်လင်းသော်လည်း မုန်တိုင်းဆက်တိုက်နေဆဲ


နိရဉ္စရာ၊ မေ ၃၀

ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ မုန်တိုင်း ည ၁၀ နာရီ ကျော်မှ ၀င်ရောက် တိုက်ခတ်နေရာ ယနေ့ နံနက်ထိ မုန်တိုင်းမှာ အားကောင်းစွာဖြင့် တိုက်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

မုန်တိုင်း တိုက်ခတ်မှုကြောင့် လက်ရှိ သိရှိရသည်မှာ စစ်တွေ ဆတ်ရိုးကျ တစ်ဖက်ကမ်း ဗျိုင်းဖြူရွာတွင် အိန္ဒိယ အစိုးရမှ ဆောက်ပေးသော စာသင်ကျောင်းမှာ ခေါင်းမိုးများ လုံးဝ လွှင့်ထွက်သွားပြီး တစ်ခြား ကျောင်းဆောင် ခေါင်းမိုး တစ်ခုမှာလည်း လုံးဝ ပျက်စီးသွားပြီဟု ဗျိုင်းဖြူရွာသား ဦးမြထွန်းက ယနေ့ နံနက် ၆ နာရီက နိရဉ္စရာ သတင်းဌာနသို့ ဖုန်းဆက် ပြောဆိုသည်။


၎င်းအပြင် သစ်ပင်အများအပြားမှာ အမြစ်များကျွတ်ထွက် ပြိုလဲမှုများ ရှိကြောင်း၊ အိမ်အများအပြားမှာလည်း ပျက်စီးကြောင်း ပြောကြားသည်။

“ နံနက် ၁၀ နာရီမှာ မုန်တိုင်း စ၀င်ပါတယ်။ ညဥ့် ၂ နာရီမှာ ပြင်းထန်လာပါတယ်။ အခုထိ အရှိန်မကျသေးဘဲ ဆက်တိုက်နေပါတယ်” ဟု ဦးမြထွန်းက ပြောဆိုသည်။

အလားတူ စစ်တွေ မင်းဂံ အကွက် (၈) ရှိ အောင်သိဋ္ဌိပဌာန်းကျောင်း ခေါင်းမိုးမှာ လုံးဝ လွင့်ပါ ပျက်စီးသွားခဲ့ပြီဟု သိရသည်။

မုန်တိုင်း၏ တိုက်ခတ်မှုနှုန်းမှာ တစ်နာရီ မိုင် ၈၀ ခန့် (မဟုတ်လျှင်) တစ်တနာရီ မိုင် ၁၀၀ ခန့် ရှိနိုင်သည်ဟု ဒေသခံများက ပြောဆိုပြီး အပျက်အစီး အလွန်များမည်ဟု ဒေသခံများက ပြောဆိုသည်။

Narinjara
https://www.facebook.com/Narinjara
ရခိုင်မြောက်ပိုင်း မုန်တိုင်းပြင်းထန်စွာဝင်ရောက်တိုက်ခတ်၊ အပျက်အစီးများ၊ နံနက်လင်းသော်လည်း မုန်တိုင်းဆက်တိုက်နေဆဲ ရခိုင်မြောက်ပိုင်း မုန်တိုင်းပြင်းထန်စွာဝင်ရောက်တိုက်ခတ်၊ အပျက်အစီးများ၊ နံနက်လင်းသော်လည်း မုန်တိုင်းဆက်တိုက်နေဆဲ Reviewed by THITHTOOLWIN on 08:08 Rating: 5
Powered by Blogger.