မြန်မာမှ မိုင်းဗုံးကွဲပြီး ဒဏ်ရာရသွားသူ ၂ ဦး ဘင်္ဂလာဒေ့ရှ် စစ်တကောင်းဆေးရုံတွင် ဆေးကုသနေရာမှ တစ်ဦးသေဆုံး


နိရဉ္စရာ၊ မေ ၁၈

မေလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စုတွင် ဗုံးလုပ်နေစဉ် ပေါက်ကွဲ၍ သေဆုံးသူ ဘင်္ဂလီ ခုနှစ်ဦးရှိပြီး ဒဏ်ရာရသူ အများအပြားရှိရာ ယင်းအထဲမှ ၄ ဦးမှာ စစ်တကောင်းမြို့ ဆေးကျောင်းဆေးရုံ ( Chittagong Medical Collage Hospital) တွင် တက်ရောက် ဆေးကုသနေရာ ဒဏ်ရာ ပြင်းထန်သူ ၂ ဦးထဲမှ တစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း Dainikpurbokone သတင်းစာတွင် ရေးသား ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းတွင် ရေးသားဖော်ပြရာတွင် မြေပြင်တွင်မြုပ်ထားသေား မိုင်းမဟုတ်ဘဲ ဗုံးလုပ်နေစဉ်ပေါက်ကွဲကြောင်း၊ RSO အဖွဲ့ဝင် ဟာဖက် ဆီးရာဇ် နှင့် ဟူးဆန်း ဇူဟောရ်မှာ ရင်ဘင် လက် နှင့် မျက်နှာ မီးလောင်သွားကြောင်း၊ စစ်တကောင်းဆေးရုံသို့ လွန်ခဲ့သော မေ ၁၄ ရက်နေ့က ရောက်ရှိ လာပြီးနောက် ဟာဖက် ဆီးရာဇ်မှာ သေဆုံးသွားခဲ့ကြောင်း၊ ဟူးဆန်း ဇူဟောရ် မှာ စစ်တကောင်း Medical Collage ဆေးရုံတွင် ဆက်လက် ဆေးကုနေကြောင်း၊ ၎င်းတို့နှင့် အတူ ပါလာသူ အဖွဲ့ဝင် အာလီ အဟာမတ်ကိုပါ ဘင်္ဂလာရဲမှ ထိန်းသိမ်းထားကြောင်း သတင်းတွင် ဖော်ပြသည်။

လွန်ခဲသော မေ ၇ ရက်နေ့ကတည်းက သူတို့မှာ ကော့စ်ဘဇား ဆေးရုံသို့ ရောက်ရှိ လာကြောင်း၊ ဆေးရုံတွင် သူတို့က ဘူသီးတောင်မြို့နယ်မှ ဖြစ်ပြီး တောသို့ ၀ါးခုတ်သွားချိန် တွင် မြေမြုပ်မိုင်း ပေါက်ကွဲသဖြင့် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း လိမ်လည်ကာ ဆေးကုသခဲ့သည်ဟု သိရသည်။ မေလ ၁၄ ရက်နေ့တွင် ဒဏ်ရာ အခြေအနေဆိုးရွားလာသဖြင့် သူတို့ကို စစ်တကောင်း ဆေးကျောင်း ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

သူတို့အာ ကော့စ်ဘဇား ရဲစခန်းတွင် တရာစွဲဆို ထားပြီး သူတို့အား ယူဆောင်လာသူ ယာဆိန်း ကိုလည်း ရဲက ထပ်မံ ဖမ်းဆီလိုက်ကြောင်း သတင်းတွင် ဖော်ပြသည်။

လွန်ခဲ့ သော မေ ၁၇ ရက်နေ့က ဟူးဆန်း ဇူဟောရ် ပြောပြချက်ကို ကိုးကားပြီး ရဲက ပြောရာတွင် သူတို့မှာ ဘူသီးတောင်မြို့နယ် ကျောင်းတောင် အုပ်စု တောနက်တွင် သင်တန်း စခန်း ၂ ခု ရှိပြီး စခန်းတစ်ခုတွင် လူ ၁၁ ဦးစီ နေထိုင်ကြောင်း၊ နောက်စခန်းတစ်ခုတွင် လူမနေဘဲ ဗုံးလုပ်ကြောင်း၊ လွန်ခဲသော မေလ ၄ ရက် ကြာသပတေးနေ့ ညနေ ၃ နာရီ အချိန်တွင် ဗုံးလုပ်နေ၍ ပေါက်ကွဲခဲ့ကြောင်း၊ ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း၊ ၎င်းနောက် သူတို့ ၄ ဦးမှာ တောင်ပြို နယ်စပ်မှတစ်ဆင့် ကော့စ်ဘဇား ဆေးရုံသို့ ရောက်ရှိလာကြောင်း၊ တဦးမှာ ဆေးကုသပြီး အခြေအနေကောင်းမွန်သွားသဖြင့် ကူတူးပါလောင် ယူအန် ဒုက္ခသည် စခန်းသို့ ပြန်သွားကြောင်း သတင်းတွင် ဖော်ပြသည်။

သူတို့အား ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များမှ စောင့်ကြပ်နေပြီး တရားစွဲထားကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စု တောစပ် တစ်နေရာမှ သေဆုံးသူ ဘင်္ဂလီ လူမျိုးအလောင်း ၅ လောင်းကို နယ်ခြားစောင့်ရဲက မေလ ၁၃ ရက်နေ့က တူးဖော်ရရှိပြီး ဒဏ်ရာရသူ အချို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာမှ မိုင်းဗုံးကွဲပြီး ဒဏ်ရာရသွားသူ ၂ ဦး ဘင်္ဂလာဒေ့ရှ် စစ်တကောင်းဆေးရုံတွင် ဆေးကုသနေရာမှ တစ်ဦးသေဆုံး မြန်မာမှ မိုင်းဗုံးကွဲပြီး ဒဏ်ရာရသွားသူ ၂ ဦး ဘင်္ဂလာဒေ့ရှ် စစ်တကောင်းဆေးရုံတွင် ဆေးကုသနေရာမှ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.