မိုးကုတ်မြို့အနီး ငွေကျပ်သိန်း ၄၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော် မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၏အရှေ့တောင်ဘက် ၁၆ မိုင်ခန့်အကွာပြင်ဦးလွင်-မိုးကုတ်ကားလမ်းရှိ လယ်ကြီးရဲကင်းရှေ့၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ဆေးမှုများဆောင်ရွက်စဉ် မေ ၂၂ ရက် ညနေ ၆ နာရီခန့်တွင် ပြင်ဦးလွင်ဘက်မှ မိုးကုတ်ဘက်သို့ ဟန်သိန်း(ဘ)ဦးရန်ဖစင် မောင်းနှင်ပြီး ကျန်ရှုဝေ(ဘ)ဦးကျန်းရင်စွမ်း လိုက်ပါလာသည့် Crown အမျိုးအစား မော်တော်ယာဉ်အမှတ YGN-2J/----- အား ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ်နောက်ဖုံးအတွင်းဝှက်၍ သယ်ဆောင်လာသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၄၅၀၀ ခန့်)နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မိုးကုတ်မြို့အနီး ငွေကျပ်သိန်း ၄၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ မိုးကုတ်မြို့အနီး ငွေကျပ်သိန်း ၄၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:45 Rating: 5
Powered by Blogger.