"လှိုင်ထိပ်ထား" ခရီးသည်တင်ယာဉ်နှင့် အငှားယာဉ် မျက်နှာချင်းဆိုင်တိုက်မိ ၃ ဦးသေဆုံး


ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက် ကျေးရွာအနီးတွင် မေလ ၂၂ရက်နေ့ ယနေ့ နေ့လည်ပိုင်းက ရန်ကုန်-ပုသိမ်ကားလမ်း အတိုင်းမောင်းနှင်လာသော "လှိုင်ထိပ်ထား" ခရီးသည်တင်ယာဉ်နှင့် အငှားယာဉ် မျက်နှာချင်းဆိုင်တိုက်မိခဲ့၍ အငှားယာဉ် ပေါ်တွင်လိုက်ပါလာသော အမျိုးသမီး (၂) ဦးနှင့် ကလေးငယ် (၁) သေဆုံးခဲ့ပြီး အမျိုးသား(၁) ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှုမှ သေဆုံးဒဏ်ရာရှိသူများအား ဆားမလောက် မွန်မြတ်စေတနာကျန်းမာရေး ကူညီစောင့်ရှောက်မှုအသင်း (_myanmar_rescue) နှင့် ဆားမလောက် လူငယ်ရိပ်မွန် လူနာတင်ယာဉ်၊ လမ်းဆုံပရဟိတ လူနာတင်ယာဉ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆားမလောက် နယ်မြေစခန်းမှ ရဲဘော်များ ဆားမလောက်နာရေး ကူညီမှုအသင်းများ သွားရောက်ကူညီဆောင်ရွက်ကာ သေဆုံး ၊ ဒဏ်ရာ ရသူများအား ဆားမလောက် တောင်သူလယ်သမား ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရပါသည်။

Myint Myat Thu
မွန်မြတ်စေတနာ
(Myanmar Rescue)

"လှိုင်ထိပ်ထား" ခရီးသည်တင်ယာဉ်နှင့် အငှားယာဉ် မျက်နှာချင်းဆိုင်တိုက်မိ ၃ ဦးသေဆုံး  "လှိုင်ထိပ်ထား" ခရီးသည်တင်ယာဉ်နှင့် အငှားယာဉ် မျက်နှာချင်းဆိုင်တိုက်မိ ၃ ဦးသေဆုံး  Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.