မြန်မာသင်္ဘောသားတွေ ထိုင်းကယ်တင်


မလေးရှားနိုင်ငံ ပီနန်းမြို့ကနေ မြန်မာနိုင်ငံ မြိတ်မြို့ကို ခုတ်မောင်းလာတဲ့ အောင်စိန်မြတ် ကုန်တင် စက်လှေတစင်းဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့နားက ရာချာနွိုင်ကျွန်းနားမှာ ဗုဒ္ဓဟူးနေ့လည်က မုန်တိုင်းမိပြီး လှိုင်းလေကြီးလို့နစ်မြုပ်လုစဲစဲမှာ သင်္ဘောသားတွေကို ထိုင်းငါးဖမ်းသင်္ဘောတစင်းက ကယ်ဆယ်လိုက်တယ် လို့သိရပါတယ်။


စက်လှေပေါ်မှာ သင်္ဘောသား ၁၅ ယောက်နဲ့အတူ၊ စားအုန်းဆီ၊ ဘိလပ်မြေနဲ့အခြားကုန်တွေ ပါလာတယ်လို့ဆိုပါတယ်။ သူတို့စက်လှေကို မေလ ၁၈ ရက်နေ့မှာ ပီနန်းကနေထွက်လာပြီး၊ လာမယ့်စနေနေ့မှာရောက်ဖို့ခန့်မှန်းထားတာပါ။


အခုတော့ သင်္ဘောသားတွေကို ဖူးကက်မြို့ကလူမှုဖူလုံရေးစခန်းမှာ စောင့်ရှောက်ထားပြီး၊ သူတို့ဆီမှာ လိုအပ်တဲ့တရားဝင်စာရွက်စာတမ်းတွေရှိတယ်လို့ ဖူးကက်ရေကြောင်းရဲအရာရှိကပြောပါတယ်။ သူတို့ကိုပြန်ပို့နိုင်ဖို့ ကုမ္ပဏီရဲ့အစီအစဉ်ကိုစောင့်နေတယ်လို့လဲသိရပါတယ်။

ဓါတ်ပုံ - သည်နေရှင်း
RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာသင်္ဘောသားတွေ ထိုင်းကယ်တင် မြန်မာသင်္ဘောသားတွေ ထိုင်းကယ်တင် Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.