မြန်အောင်မြို့ နယ်တွင် သစ်​တင်​ကားတိမ်း​မှောက်​၍ (၂)သေဆုံး ၊ ၅ ဦးဒဏ်​ရာရ


ဧရာဝတီတိုင်း​ဒေသကြီး မြန်​​အောင်​မြို့နယ်​ အင်​ပင်​နယ်​​မြေရဲစခန်းပိုင်​ မျှင်​ဝါး​တောင်​သစ်​​တောကြိုးဝိုင်းသွားလမ်း မျှင်​ဝါး​တောင်​​ကျေးရွာနှင့် ဆင်​ကျုံး​ကျေးရွာကြားမှာ မေလ ၁၈ ရက်ေ်န့ ဒီကနေ့ မနက် ၈ နာရီခန့် က သစ်​တင်​ကားတိမ်း​မှောက်​၍ (၂)သေဆုံးပြီး ၅ ဦးဒဏ်​ရာရရှိကြောင်း သိရပါသည်။

 ယာဉ်​​မောင်း ​အောင်​မင်းနိုင်​ အသက်(၂၇)နှစ်​ ​တောင်​ပတ်​လည်​​ကျေးရွာ ထိန်​​သေးကြီးအုပ်​စု​နေသူ ​မောင်းနှင်​ပြီး အခြားသားသစ်​ 2.542 တန်အား တင်​​ဆောင်​လာ​သော ​ဒေါင်​ဖန်း အမျိုးအစား​ဖောကားသည်​ ကုန်းအတက်​တွင်​ တိမ်း​မှောက်​သွားခြင်း ဖြစ်သည်။

 ကားပေါ်ပါသူ ၂ ဦး ​နေရာ၌ပင်​​သေဆုံးပြီး ၅ ဦး ဒဏ်​ရာရရှိကာ ယာဉ်​မောင်း​အောင်​မင်း​နိုင်​မှာထွက်​​ပြေး တိမ်း​ရှောင်​​နေ​ကြောင်း အင်​ပင်​နယ်​​မြေရဲစခန်းမှ အမှုဖွင့် စစ်​​ဆေး အ​ရေးယူထား​ကြောင်း ကနဦး သတင်းရရှိသည်​။

ဇော်​မျိုး​အောင်​နှင့် အဖွဲ့ မြန်​​အောင်
ရှုထောင့် မှုခင်းနှင့် သတင်း မီဒီယာ ဂရု - Myanaung
မြန်အောင်မြို့ နယ်တွင် သစ်​တင်​ကားတိမ်း​မှောက်​၍ (၂)သေဆုံး ၊ ၅ ဦးဒဏ်​ရာရ  မြန်အောင်မြို့ နယ်တွင် သစ်​တင်​ကားတိမ်း​မှောက်​၍ (၂)သေဆုံး ၊ ၅ ဦးဒဏ်​ရာရ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.