တောဆင်ရိုင်းအား တူမီးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သူ နှစ်ဦးအား ဖမ်းဆီးရမိ


သာယာဝတီ မေ ၁၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ မေ ၁၃ ရက် မွန်းလွဲ ၂ နာရီက တောအုပ်ဦးတင်ဦး၊ သာယာ ဝတီမြို့မရဲစခန်းမှ ဒုရဲအုပ်ပြည့်ဖြိုးအောင်၊ သုံးဆယ်ဆည် ရဲကင်းမှူးဒုရဲအုပ်ဌေးဝင်း နှင့် တပ်ဖွဲ့ဝင်များသည် သာယာဝတီ မြို့နယ် လှည်းလမ်းကူးအုပ်စု သုံးဆယ်ဆည်အတွင်း သုံးဆယ်ကြိုးဝိုင်း အကွက်အမှတ် (၄၃) ဒေသအခေါ် ရေသောက်ချောင်းဖျားတွင် ဆင်လိုက် မုဆိုးအဖွဲ့ ရောက်ရှိနေကြောင်း သတင်း အရ လှည်းလမ်းကူးရွာနေ ဦးစိုးသန်းနှင့် အတူ သွားရောက်ရှာဖွေဖမ်းဆီးရာ ယင်းနေ့ ညနေ ၆ နာရီခွဲက ကံမမြို့နယ် သာစည်အုပ်စု စမ်းကျေးရွာနေသူများ ဖြစ်သော သန်းဇော်ဦး (၂၃နှစ် ) နှင့် ဦးအောင်ရာ (၄၃နှစ်) တို့အား ပီနံအိတ် ဖြင်ထည့်ထားသော ဆင်သားရေချပ် ခြောက်အိတ် (၇ဝ ဒသမ ၅ဝ ပိဿာ)ခန့်နှင့်အတူ ဖမ်းဆီးရမိ
ခဲ့ပါသည်။

 ဆက်လက် ရှာဖွေရာ သန်းဇော်ဦးထံမှ တူမီးလုပ် သေနတ်ပြောင်းအရှည် ၁၆ လက်မခန့်ရှိ သံပြောင်းသုံးခု၊ အရှည် ၁၉ လက်မခန့်ရှိ သစ်သားပြောင်းကာတစ်ခု၊ မြားဆိပ်ခုနစ် ပုလင်း၊ အရှည်၁၄ လက်မခန့်ရှိ သံကျား လျှာတစ်ခု၊ သံဘောစေ့နှစ်လုံး၊ ကန့် အမှုန့်များထည့်ထားသည့် ဆေးထိုးပိုက် တစ်ချောင်း၊ လေးလက်မခန့်ရှိ ပလတ် စတစ်ဘူးဖြင့် ထည့်ထားသော ယမ်းမှုန့် တစ်ဝက်၊ ဦးအောင်ရာထံမှ အရှည်၂ဝ လက်မခန့်ရှိ တူမီးလုပ်သေနတ်သစ်သား ဒင်တစ်ခု၊ အရှည် ၂၁ လက်မခန့်ရှိ သစ်သားပြောင်းကာ တစ်ခု၊ အရှည် လက်မ ၂ဝ ခန့်ရှိ သံပြောင်း တစ်ခု၊ ၂၁ လက်မခန့်ရှိသံပြောင်းတစ်ခု၊ ခဲသီး သုံးလုံး ၊ အဆိပ်ဓာတ်ပါသစ်ဥ လေးခု တို့အား သိမ်းဆည်းရမိခဲ့သည်။

 ဆင်သတ် ရာတွင် အသုံးပြုသော လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ လက်ဝယ်တွေ့ရှိ သူ ဦးအောင်ရာနှင့် သန်းဇော်ဦးတို့ကို သာယာဝတီမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။

သန့်ဇော်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တောဆင်ရိုင်းအား တူမီးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သူ နှစ်ဦးအား ဖမ်းဆီးရမိ တောဆင်ရိုင်းအား တူမီးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သူ နှစ်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.