မြန်အောင်မြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်း၊ အမိုးလန်ခြင်းနှင့်မိုးကြိုးထိမှန်သဖြင့် လူတစ်ဦးသေဆုံး


မြန်အောင် မေ ၃၁

မြန်အောင်မြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်း၊ အမိုးလန်ခြင်းနှင့်မိုးကြိုးထိမှန်သဖြင့် လူတစ်ဦးသေဆုံးခြင်းကို မေ ၃၀ ရက်နေ့ ၁၂ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


မြန်အောင်မြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် တယ်ကုန်းကျေးရွာအုပ်စု တယ်ကုန်းကျေးရွာ၊ ရေနစ်ကွင်း ကျေးရွာ၊ အိမ်ကြီးကုန်းကျေးရွာ၊ မြစ်ကျိုးကျေးရွာအုပ်စု မာလကာကုန်းကျေးရွာ၊ ပေါက်ကုန်းစွန်းကျေးရွာအုပ်စု ဂုံညှင်းတန်းကျေးရွာ၊ လေးတူးကျေးရွာအုပ်စု လေးတူးကြီးကျေးရွာ တို့တွင် စုစုပေါင်း နေအိမ် ၁၁ လုံးပြို၊ ၉၄ လုံး အမိုးလန်၊ ကြက်ခြံ ၁ ခြံပြို၊ ဈေးဆိုင် ၂ ဆိုင် အမိုးလန်ပြီး ရွှေကျင်ကျေးရွာအုပ်စု ကျူတောလေးကျေးရွာနေ ဦးမြင့်ဦးလွင်သည် ကျူတောလေးကျေးရွာနှင့် ကိုက် ၅၀၀ အကွာ လယ်ကွင်း အတွင်း ပျိုးကြဲနေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ကြက်အကောင် ၅၀ သေဆုံးပြီး လေဘေးသင့်သူဦးရေ စုစုပေါင်း ကျား ၁၈၁ ဦး၊ မ ၂၁၄ ဦး ရှိကြောင်း သတင်းရရှိသည်။

ဝင်းဗိုလ်​ ပြန်​ဆက်​ မြန်​​အောင်
MOI Webportal Myanmar 
https://www.facebook.com/MOIWebportalMyanmar
မြန်အောင်မြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်း၊ အမိုးလန်ခြင်းနှင့်မိုးကြိုးထိမှန်သဖြင့် လူတစ်ဦးသေဆုံး မြန်အောင်မြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်း၊ အမိုးလန်ခြင်းနှင့်မိုးကြိုးထိမှန်သဖြင့် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 14:39 Rating: 5
Powered by Blogger.