စာပို့ခနှုန်းထားများ ပြောင်းလဲကောက်ခံ


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်း၏ စာပို့ခနှုန်းထားများအား ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်မှ စတင်ပြောင်းလဲကောက်ခံ​ကြောင်း သိရသည်။

ပြောင်းလဲကောက်ခံမည့် နှုန်းထားများမှာ ပြည်တွင်း ရိုးရိုးစာ တစ်စောင် အတွက် အခြေခံ စာပို့ခကို ယခင် ငွေကျပ် ၁၀၀ အစား ငွေကျပ် ၂၀၀ ၊ ပြည်တွင်း မှတ်ပုံတင် စာတစ်စောင် အတွက် အခြေခံစာပို့ခကို ယခင် ငွေကျပ် ၂၀၀ အစား ငွေကျပ် ၅၀၀ ၊ ပြည်ပ ရိုးရိုးစာ တစ်စောင်အတွက် အခြေခံစာပို့ခကို ယခင်ငွေကျပ် ၅၀၀ အစား ငွေကျပ် ၁၀၀၀ ၊ ပြည်ပ မှတ်ပုံတင် စာတစ်စောင်အတွက် အခြေခံစာပို့ခကို ယခင်ငွေကျပ် ၁၂၀၀ အစား ငွေကျပ် ၂၅၀၀ သို့ ကောက်ခံသွားမည်ဖြစ်သည်​။

he Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
စာပို့ခနှုန်းထားများ ပြောင်းလဲကောက်ခံ စာပို့ခနှုန်းထားများ ပြောင်းလဲကောက်ခံ Reviewed by THITHTOOLWIN on 10:54 Rating: 5
Powered by Blogger.