မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ်ရေတိုက်စားမှုကြောင့် နေအိမ်တလုံး ရေထဲမျောပါပြီး၊ နေအိမ် (၁)လုံးပြိုကျမှုဖြစ်ပွား


မေလ ၂၉ ၊ ၂၀၁၇ ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာတွင် ယမန်နေ့ နေ့လည်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ်ရေမြင့်တက်လာမှုကြောင့် နေအိမ်တလုံးရေထဲမျောပါခဲ့ပြီး၊ နေအိမ်တလုံးပြိုကျ ခဲ့ကြောင်း သိရသည်။


အဆိုပါ သဘာဝဘေးဒဏ်ခံခဲ့ရသော နေအိမ် (၂) အိမ်မှ အိမ်ထောင်စု (၆) စု၊ မိသားစုဝင် (၃၀) ဦးအား အမာနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများပူးပေါင်း၍ မင်္ဂလာသောင်တန်းကျေးရွာရှိ School Shelter သို့ ကူညီပြောင်းရွေ့ပေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - အမာနယ်မြေရဲစခန်း
မင်းထက်မုန်း (ပုသိမ်)
Ayeyarwaddy Times
https://www.facebook.com/ayetimes

မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ်ရေတိုက်စားမှုကြောင့် နေအိမ်တလုံး ရေထဲမျောပါပြီး၊ နေအိမ် (၁)လုံးပြိုကျမှုဖြစ်ပွား မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ်ရေတိုက်စားမှုကြောင့် နေအိမ်တလုံး ရေထဲမျောပါပြီး၊ နေအိမ် (၁)လုံးပြိုကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.