ရှားတောမြို့နယ် စစ်ဝံတောင်မှာ ကားတစီးတိမ်းမှောက်


မေလ ၂၈ ရက်နေ့ ညနေ ၃နာရီခွဲခန့်က ရှားတောမြို့နယ် စစ်ဝံတောင်အနီး မှာ ကားတစီးတိမ်းမှောက်ပြီး အမျိုးသမီး ၃ဦးကိုဆေးရုံတင်ထားရကြောင်း သိရသည်။

အဆိုပါကားမှာ ရှားတောဖက်မှ လွိုင်ကော်မြို့ကို မောင်းနှင်လာပြီး ပွန်ချောင်းကျေးရွာမရောက်မီ စစ်ဝံတောင် အဆင်းတွင်း တိမ်းမှောက်သွားကြောင်း မျက်မြင်တွေ့ရသူ ဒေသခံတဦးမှ ကန္တာရဝတီတိုင်းမ်သို့ပြောသည်။


ကားပေါ်တွင် စစ်ဝတ်စုံဖြင့် အမျိုးသား ၆ ဦးစီးနှင်းလိုက်ပါလာပြီး အမျိုးသမီး ၃ဦးလည်းပါဝင်ကြောင်း တွေ့ရှိသူ ဒေသခံတဦးကဆိုသည်။

အမျိုးသမီး ၃ဦးမှာ ရှားတောမြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ၃ဦးအနက်တဦးမှာ ဒဏ်ရာပြင်းထန်နေကြောင်းသိရသည်။

လိုက်ပါလာသူ အမျိုးသားများကိုမူ ဆေးရုံတွင်လာရောက်ကုသမှု မတွေ့ရကြောင်း ဒေသခံ၏ပြောပြချက်အရသိရသည်။

ကန္တာရဝတီတိုင်း(မ်)
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ရှားတောမြို့နယ် စစ်ဝံတောင်မှာ ကားတစီးတိမ်းမှောက် ရှားတောမြို့နယ် စစ်ဝံတောင်မှာ ကားတစီးတိမ်းမှောက် Reviewed by THITHTOOLWIN on 06:38 Rating: 5
Powered by Blogger.