ဧရာဝတီမြစ်အတွင်း သဘောင်္တစ်စင်း မီးလောင်မျောပါနေ


ချောက်၊ မေ ၂၅၊

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ်(၇)ရွာဟောင်း အုတ်ဖို ရေနံဆိပ်ကမ်း၊ ဧရာဝတီမြစ်ထဲတွင် ယနေ့ (မေ၂၅)ည၈နာရီကျော်ခန့်က သဘောင်္တစ်စင်းမီးလောင်ကျွမ်းပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း မျောပါလျက်ရှိကြောင်း အခင်းဖြစ်နေရာတွင် ရောက်ရှိ သတင်းရယူနေသည့် AHN သတင်းထောက်များက ယနေ့ည ၈း၃၀ တွင် သတင်းပေးပို့သည်။


“ရေနံဆီသံကန်တွဲ သင်္ဘော မီးလောင်မှုဖြစ်တာပါ။ သင်္ဘောဟာ ရေစုန်အတိုင်း မျောပါလောင်ကျွမ်းလျက်ရှိနေပါတယ်။ မီးလောင်သင်္ဘောပေါ်မှာလူပါ၊ မပါမသိရသေးပါ။ သဘောင်္နံပါတ်ဘယ်လောက် မီးလောင်မှုဖြစ်တယ်ဆိုတာကို တာဝန်ရှိသူတွေက စုံစမ်းနေဆဲပါ။ ချောက်မြို့ကမီးသတ်ယာဉ်များ၊ ရေနံမီးသတ်ယာဉ်များ နဲ့ မနောဖြူလူမှုကူညီရေးအသင်းတို့က မြေပြင်ပေါ်သို့ မီးကူးစက်မှုမရှိစေဖို့ မီးလောင်သင်္ဘောရွေ့လျားရာကို လိုက်ပါစောင့်ကြည့်ပြီး မီးငြိမ်းသတ်ရန်အသင့်စောင့်နေပါတယ်။ ချောက်မြို့ဒေသခံများကတော့ ကမ်းပေါ်အထိ မီးကူးစက်လောင်ကျွမ်းမှာကို စိုးရိမ်နေပါတယ်။ နောက်ဆက်တွဲသတင်းကိုထပ်ပို့ပေးပါ့မယ်ခင်ဗျား “ ဟု ၄င်းတို့ကပြောသည်။

နေနိုင်၊ ဒီလှိုင်း
PHOTO – AHN
The Asia Heart News
ဧရာဝတီမြစ်အတွင်း သဘောင်္တစ်စင်း မီးလောင်မျောပါနေ ဧရာဝတီမြစ်အတွင်း သဘောင်္တစ်စင်း မီးလောင်မျောပါနေ Reviewed by THITHTOOLWIN on 00:26 Rating: 5
Powered by Blogger.