ကြည့်မြင်တိုင် ဗားဂရာဆိပ်ကမ်း၌ ရန်ကုန်-စစ်တွေ ကုန်တင်စက်လှေ ထွက်ခွာစဉ်နစ်မြုပ်


ရန်ကုန် ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် ဗားဂရာဆိပ်ကမ်း အမှတ်(၁) တံတားမှ ရန်ကုန်-စစ်တွေသွား MV-ရွှေလက် ဝါးစက်လှေသည် ဧပြီ ၂၆ ရက် ညနေ ၆ နာရီ မိနစ် ၂ဝ ခန့်က ထွက်ခွာစဉ် တိမ်းစောင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေယာဉ်မှူး ဦးမင်းကိုကို စမ်းချောင်းမြို့ နယ်နေသူနှင့် သင်္ဘောသားရှစ်ဦးပါ MV-ရွှေလက်ဝါး စက်လှေသည် ကုန်ပစ္စည်းများ တင်ဆောင်ပြီး ရန်ကုန်မှ စစ်တွေသို့ ဆိပ်ခံမှထွက်ခွာစဉ် တိမ်းစောင်း နစ်မြုပ်သွား ခဲ့သည်။

အဆိုပါ စက်လှေပိုင်ရှင်မှာ စစ်တွေမြို့နေ ဦးရွှေ မောင်ဖြစ်ပြီး ကုန်တန်ချိန် ၃၅ဝ ရှိကြောင်းနှင့် ကားနှစ်စီး တွေ့ရကြောင်း၊ အနီးရှိ MV--ရဲထွန်းအောင် (၃)မှ ကူညီ ဆယ်ယူပေးခဲ့ကြောင်းနှင့် စက်လှေနစ်မြုပ်မှုအား သက် ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်လှိုင်(ကမာရွတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကြည့်မြင်တိုင် ဗားဂရာဆိပ်ကမ်း၌ ရန်ကုန်-စစ်တွေ ကုန်တင်စက်လှေ ထွက်ခွာစဉ်နစ်မြုပ် ကြည့်မြင်တိုင် ဗားဂရာဆိပ်ကမ်း၌ ရန်ကုန်-စစ်တွေ ကုန်တင်စက်လှေ ထွက်ခွာစဉ်နစ်မြုပ် Reviewed by THITHTOOLWIN on 09:25 Rating: 5
Powered by Blogger.