ရမ်းဗြဲမှ ကျောက်ဖြူသို့ မောင်းနှင်လာသော အောင်ရတနာထွန်းကား တိမ်းစောင်းရာမှ ကားလမ်းကြုံစီးသူ ၉ ဦး ထိခိုက်ဒဏ်ရာရ


နိရဉ္စရာ၊ ဧပြီ ၂၇

ရမ်းဗြဲမှ ကျောက်ဖြူသို့ မောင်းနှင်လာသော အောင်ရတနာထွန်းကား ဧပြီလ ၂၇ ရက် နံနက်(၁၀) နာရီခန့်က ကျောက်ဖြူမြို့နယ်၊ ငအုပ်ကျေးရွာအနီး မိုင်တိုင်အမှတ် ၉၇ တွင်တိမ်းစောင်းသွားမှုကြောင့် ခရီးသည်(၉)ကို ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။


‘‘ ကားမှောက်တာမဟုတ်ပါ။ ကားတိမ်းစောင်းသွားတဲ့အရှိန်နဲ့ ကားပေါ်မှာပါလာတဲ့သူ တစ်ဦးနဲ့တစ်ဦး တိုက်မိပြီးတော့ ပွန်းပဲဒဏ်ရာတွေ အနည်းငယ်ရသွားတာပါ။ ဒဏ်ရာအများကြီးတော့မဟုတ်။ နုတ်ခမ်းပွန်းသွားတဲ့တစ်ယောက်ကတော့ ကျောက်ဖြူဆေးရုံကို တင်သွားပါတယ်။ ကားက ခရီးသည်တင် ကားမဟုတ်ပါ။ ခရီးသည်တွေက လမ်းကြုံစီးကြတာပါ။ လူကတော့ နေရာစုံကပါ’’ဟု ဇင်ချောင်း ရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောသည်။


ရမ်းဗြဲမြို့နယ်၊ ငရံချောင်းကျေးရွာမှ အောင်ထွန်းလင်း မောင်းနှင်လာသော အောင်ရတနာထွန်း YGN4k3264 လိုက်ထရပ်ကားတွင် ကားပေါ်တွင်ပါလာသူများနှင့် လမ်းကြုံလိုက်သူ ခရီးသည်(၉)ဦး ပွန်းပဲ့ဒဏ်ရာ ရရှိသွားကြောင်းသိရသည်။

ဒဏ်ရာများသူ လူနာသုံးဦးကိုတော့ မီးသတ်ဦးစီးတပ်ဖွဲ့မှ အုပ်ချုပ်မှုယာဉ်ဖြင့် ကျောက်ဖြူဆေးရုံသို့ တင်ဆောင်ခဲ့ကြောင်းသတင်းရရှိသည်။

ကျော်ဝင်း၊ ကျောက်ဖြူ
ဓာတ်ပုံ- ခင်မောင်ဝင်း
Narinjara
https://www.facebook.com/Narinjara
ရမ်းဗြဲမှ ကျောက်ဖြူသို့ မောင်းနှင်လာသော အောင်ရတနာထွန်းကား တိမ်းစောင်းရာမှ ကားလမ်းကြုံစီးသူ ၉ ဦး ထိခိုက်ဒဏ်ရာရ ရမ်းဗြဲမှ ကျောက်ဖြူသို့ မောင်းနှင်လာသော အောင်ရတနာထွန်းကား တိမ်းစောင်းရာမှ ကားလမ်းကြုံစီးသူ ၉ ဦး ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:28 Rating: 5
Powered by Blogger.