အီးယူမှာ ဒုက္ခသည် ၂ ဆတိုး လက်ခံခဲ့

ဒုက္ခသည် နဲ့ ရွှေ့ပြောင်းဝင်လာသူ အရေး အကျပ်ဆိုက်နေ
အီးယူ ဥရောပ သမဂ္ဂထဲမှာ ပြီးခဲ့တဲ့နှစ်က လူ ၇ သိန်းကျော် ထိ ခိုလှုံခွင့် ပေးခဲ့တယ်လို့ စာရင်းဇယားအသစ်တွေက ပြနေပါတယ်။ ဒါဟာ ၂ဝ၁၅ တုန်းကထက် ၂ ဆ ကျော် တိုးလာတာပါ။

ဒီထဲက ၆ဝ ရာခိုင်နှုန်းလောက်က ဆီးရီးယားက ဖြစ်ပါတယ်။

ဒီထဲမှာ ဂျာမနီ တနိုင်ငံထဲက လူ ၄ သိန်းခွဲလောက်ကို ခိုလှုံခွင့် ပေးခဲ့ပြီး အရင်နှစ်တွေကထက် ၃ ဆ တိုးလက်ခံခဲ့ပါတယ်။

ဘော်လ်ကန်ဒေသနဲ့ တောင်အာရှ က လာတဲ့သူတွေကို အီးယူမှာ ခိုလှုံခွင့် ပေးမှု အနည်းဆုံး လို့လည်း သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
အီးယူမှာ ဒုက္ခသည် ၂ ဆတိုး လက်ခံခဲ့ အီးယူမှာ ဒုက္ခသည် ၂ ဆတိုး လက်ခံခဲ့ Reviewed by THITHTOOLWIN on 07:15 Rating: 5
Powered by Blogger.