တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၃၅၀ ဦး ပြန်လည်လွတ်မြောက်လာ

လားရှိုးမြို့တွင် ခေတ္တခိုလှုံနေသည့် တရုတ်နိုင်ငံမှ ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသားများကို နေရပ်သို့ပြန်လည်ပို့ဆောင်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ခေတ္တခိုလှုံနေသည့် တရုတ်နိုင် ငံမှ ပြန်လည်လွတ်မြောက်လာသူများကို ဧပြီ ၂၉ ရက်တွင် နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 မြန်မာနိုင်ငံအတွင်းမှ လုပ်သားများမှာ တရုတ်ပြည်တွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းခံခဲ့ရရာမှ တရုတ်နိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရပြီး လက်ရှိတွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ကို ပွဲစားတစ်ဦးက အလုပ်ရမယ်ဆိုပြီးခေါ်လို့ လိုက်သွားတာပါ။ တရုတ်ပြည်ထဲကို ဝင်နေတဲ့အချိန်မှာ တရားမဝင် ဝင်လာလို့ ဖမ်းတာလို့သိရတယ်။ (၄၃)ရက် အကျဉ်းချခံရတယ်။ ကျန်တာကတော့ အဆင်ပြေပါ တယ်။’’ဟု ချင်းပြည်နယ်ဘက်မှလိုက်လာသူ မထရီကလစ်ကပြောသည်။

တရုတ်နိုင်ငံမှလွတ်မြောက်လာသူများမှာ စုစုပေါင်း(၃၅၀)ဦးရှိပြီး ချင်းရွှေဟော်မှတဆင့် လားရှိုးမြို့သို့ ပို့ဆောင် ပေးရာ ချင်းရွှေဟော်နှင့် လားရှိုးမြို့ကြားရှိ ဒေသများသို့ပြန်သွားခြင်းကြောင့် ဧပြီ ၂၈ ရက်ညပိုင်းတွင် လားရှိုးမြို့ သို့ (၁၆၆)ဦးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“မနေ့ညက ရောက်လာကြတာပါ။ ဒီနေ့မနက် ဧပြီ ၂၉ မှာ (၁၂)ဘီး(၃)စီးနဲ့ ပြန်ပို့ပေးလိုက်ပါတယ်။ (၁၆၁)ဦး ပြန်သွားတယ်။ (၄)ဦးက မိုင်းရယ်ကိုပြန်မယ်။ တစ်ဦးက လားရှိုးကလို့သိရပါတယ်။’’ဟု လူမှုကူညီရေးအဖွဲ့မှ ကို မောင်သန်းကပြောသည်။

ဖမ်းဆီးခံရသူများမှာ ချင်းပြည်နယ်၊ ခရမ်းနှင့် တမူးဘက်မှ အများစုဖြစ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားအပြင် အခြားသော မြန်မာနိုင်ငံအလယ်ပိုင်းမှ လိုက်ပါလာကြသူများဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၃၅၀ ဦး ပြန်လည်လွတ်မြောက်လာ တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၃၅၀ ဦး ပြန်လည်လွတ်မြောက်လာ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.