MNDAA အကြမ်းဖက်သောင်းကျန်းသူများက လောက်ကိုင်မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်


နေပြည်တော်၊ မတ် - ၁၈

၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်မှစ၍ MNDAA အကြမ်းဖက်သောင်းကျန်းသူများ ၀င်ရောက်နေရာယူထားသည့် ပွိုင့်-၁၁၇၆ တောင်ကုန်းအား မတ် ၈ ရက်တွင် လည်းကောင်း၊ ပွိုင့်-၁၂၆၉ တောင်ကုန်းအား မတ် ၁၅ ရက်တွင်လည်းကောင်း၊ ပွိုင့်-၁၀၅၂ တောင်ကုန်းအား မတ် ၁၆ ရက်တွင်လည်းကောင်း၊ ပွိုင့်-၁၀၈၈ တောင်ကုန်းအား မတ် ၁၇ ရက်တွင်လည်းကောင်း တပ်မတော်မှ တိုက်စစ်ဆင်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ၎င်းတို့၏ လူ၊ လက်နက်၊ ခဲယမ်းများ အများအပြားဆုံးရှုံးလာခြင်းကြောင့် တပ်မတော် စစ်ကြောင်းများ၏ အဓိကထိုးစစ်ဆင်နေမှုကို နှောင့်နှေးစေရန်နှင့် လောက်ကိုင်မြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မီးလောင်ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ မတ် ၁၇ ရက် ည ၇ နာရီ ၅၀ မိနစ်ခန့်မှ ည ၁၀ နာရီခန့်အထိ နှစ်နိုင်ငံနယ်စပ် ဘီပီ-၁၂၆ နှင့် ဘီပီ-၁၂၇ အကြားမှနေ၍ ၁၀၇ မမ ဟု ယူဆရသည့် Rocket ၁၀ လုံးဖြင့် ပစ်ခတ်နှောင့်ယှက်ခဲ့သည်။


MNDAA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် နားလီကျေးရွာ ထိပ်တွင် ၁ လုံး၊ ထင်ပါကျိုင်းကျေးရွာအနီးတွင် ၄ လုံး၊ လောက်ကိုင်မြို့၊ မဟာမြတ်မုနိဘုရားကုန်း အောက်ခြေတောစပ်တွင် ၂ လုံး၊ စစ်မှုထမ်းဟောင်းအိမ်ရာအနီးတွင် ၃ လုံး၊ စုစုပေါင်း ၁၀ လုံး ကျရောက်ပေါက် ကွဲခဲ့ပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် စစ်မှုထမ်းဟောင်းအိမ်ရာရှိ လူနေထိုင်ခြင်းမရှိသည့် အိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ပြီး ကျန်နေရာများ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

MNDAA အကြမ်းဖက်သောင်းကျန်းသူများ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် နေရာများအား တပ်မတော်စစ်ကြောင်းများက အမြောက်၊ လက်နက်ကြီးများဖြင့် နှစ်နိုင်ငံနယ်နိမိတ်မျဉ်း ကျော်လွန်မှု မရှိစေရေး တိကျစွာတွက်ချက်၍ ကန့်သတ်ချက်များဖြင့် စနစ်တကျပြန်လည်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
MNDAA အကြမ်းဖက်သောင်းကျန်းသူများက လောက်ကိုင်မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ် MNDAA အကြမ်းဖက်သောင်းကျန်းသူများက လောက်ကိုင်မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ် Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.