ကျိုင်းလပ်မြို့၊ နမ့်ဝမ်း(၁)ကျေးရွာ၌ မိုးသက်လေပြင်းနှင့်အတူ မိုးကြိုးပစ်ခံရမှုကြောင့် ငွေကျပ်(၃၆)သိန်းခန့် တန်ဖိုးရှိ နွားခြောက်ကောင်သေဆုံး


ကျိုင်းလပ် မတ် ၂၈

ရှမ်းပြည်နယ် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ဝမ်း(၁)ကျေးရွာနေ ဦးကျနီး၏နွားတင်းကုပ်ရှိ နွားခြောက်ကောင်အား ယနေ့ မတ် ၂၈ ရက်၊ နံနက် ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုနှင့်အတူမိုးကြိုးပစ် ခံရမှုကြောင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။


 အဆိုပါ မိုးကြိုးပစ်ခံရသည့် နွားတစ်ကောင်လျှင် ဒေသတန်ဖိုးငွေကျပ် ခြောက်သိန်းခန့်ဖြစ်ရာ စုစုပေါင်းငွေ ကျပ်(၃၆)သိန်းခန့်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။


 ထို့အတူ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နမ့်ကိုင်းကျေးရွာရှိ ၀န်ထမ်း အိမ်ရာ ခြောက်ခန်းတွဲ သွပ် အမိုးအချပ်(၂၀)လန်ခြင်း၊ သစ်သားဒိုင်းများပျက်စီးခြင်း များဖြစ်ပွားခဲ့သည့်အတွက် ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တာချီလိတ် ခရိုင်ပြန်/ဆက်
သစ်ထူးလွင်
ကျိုင်းလပ်မြို့၊ နမ့်ဝမ်း(၁)ကျေးရွာ၌ မိုးသက်လေပြင်းနှင့်အတူ မိုးကြိုးပစ်ခံရမှုကြောင့် ငွေကျပ်(၃၆)သိန်းခန့် တန်ဖိုးရှိ နွားခြောက်ကောင်သေဆုံး ကျိုင်းလပ်မြို့၊ နမ့်ဝမ်း(၁)ကျေးရွာ၌ မိုးသက်လေပြင်းနှင့်အတူ မိုးကြိုးပစ်ခံရမှုကြောင့် ငွေကျပ်(၃၆)သိန်းခန့် တန်ဖိုးရှိ နွားခြောက်ကောင်သေဆုံး Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.