လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၃၆)လုံး နှင့် ကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီး


ဂန့်ဂေါမြို့နယ်အတွင်း မတ်လ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက လေပြင်များတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်(၃၆)လုံးနှင့် စာသင်ကျောင်း(၁)ကျောင်းတို့ အမိုးလန်ပျက်စီး ခဲ့ကြောင်း ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှသိရသည်။

ဂန့်ဂေါမြို့နယ်အတွင်း မတ်လ(၂၅) ရက်နေ့ မွန်းလွဲ(၂)နာရီမိနစ်(၄၀)အချိန်မှ (၂)နာရီ(၄၅)မိနစ်အချိန်ထိ လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်များ အမိုးလန် ပျက်စီးခဲ့ကြောင်းသတင်းအရ ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညဏ်လှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူုး ဦးသန်းထက်အောင် ဦးစီး သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊တောင်ခင်ရမ်းရဲကင်းစခန်းမှူး ရဲအုပ် စိုးနိုင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များလိုက်လံစစ်ဆေးခဲ့သည်။

 အဆိုပါလေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာတွင် လူနေအိမ်(၄)လုံးအမိုးလန်ပျက်စီးခဲ့ရာ ဆုံးရှုံးမှု တန်ဖိုး(၂၅၀၀၀၀)ကျပ်ခန့်၊ ဟံသာဝတီကျေးရွာတွင် လူနေအိမ်(၁၈)လုံး အမိုးလန်ပျက်စီးခဲ့၍ ဆုံးရှုံးမှုတန်ဖိုး (၃၁၅၀၀၀)ကျပ်ခန့်၊ လယ်ကြီးအနောက်ကျေးရွာတွင် လူနေအိမ်(၇)လုံး အမိုးလန်ပျက်စီးခဲ့၍ ဆုံးရှုံးမှုတန်ဖိုး(၄၀၅၀၀၀)ကျပ်ခန့်၊ လယ်ကြီးအရှေ့ ကျေးရွာတွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး(၃၀၀၀၀)ကျပ်ခန့်၊ ကုက္ကားကျေးရွာတွင် လူနေအိမ်(၆)လုံး အမိုးလန်ပျက်ဆီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး(၂၂၆၀၀၀)ကျပ်ခန့်၊ အမက(လွန်)ကျောင်း(၁)ကျောင်း အမိုးလန် ပျက်စီးခဲ့၍ ဆုံးရှုံးမှု တန်ဖိုး(၆၅၀၀၀)ကျပ်ခန့်၊ စုစုပေါင်း လူနေအိမ်(၃၆)လုံး နှင့် စာသင်ကျောင်း(၁)ကျောင်းတို့ အမိုးလန် ပျက်စီးခဲ့ခြင်းဖြစ်ကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရှိရသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၃၆)လုံး နှင့် ကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၃၆)လုံး နှင့် ကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီး Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.