ပဲခူးမြို့ ရွှေမော်ဓောဘုရားပေါ်တွင် ဇနီးသည်ကို ဓားထိုးမှုဖြစ်

ပဲခူးမြို့ ရွှေမော်ဓောဘုရားပေါ်တွင် ဓားထိုးမှုဖြစ်ပွားရာ နာရီပိုင်းအတွင်း ဖမ်းဆီးရမိ။ ဓါတ်ပုံ - ဇော်ရှင်း (FB)
ပဲခူး မတ် ၂၉

ပဲခူးရွှေမော်ဓောဘုရားပေါ် အနောက် ဘက်မုခ် ဗောဓိညောင်ပင်အောက်တွင် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီက ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

 ဖြစ်စဉ်မှာ ငြိမ်းချမ်း (၂ဝ)နှစ် ဆိုင်ကယ်ကယ်ရီမောင်း မင်းကြီးညို(၃)လမ်း နယ်မြေ(၁၉) ကျွန်းသာယာရပ်ကွက် ပဲခူးမြို့နေသူသည် ကမာနတ်ကျေးရွာမှ အမျိုး သမီးတစ်ဦးအား နေအိမ်သို့ ခေါ်ဆောင်လာပြီး ဇနီးဖြစ်သူ မသဇင်(၂၅)နှစ် ကျွန်းသာယာရပ်ကွက်နေသူအား ကွာရှင်းပေးရန်ပြောဆိုခဲ့ရာ ဇနီးဖြစ်သူက ကွာရှင်းမပေးနိုင်ကြောင်း ပြောဆိုသဖြင့် ဘုရားပေါ်မှာ ချိန်းဆိုပြီး ဓားနှင့် ထိုးတာဖြစ်ကြောင်း သိရသည်။


မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဇနီးဖြစ်သူ မသဇင်အား ပဲခူးရွှေမော်ဓော ဘုရားပေါ်သို့ ချိန်းဆိုခဲ့ရာ မသဇင်ကလာရောက်ပြီး စကားပြောဆိုနေစဉ် ငြိမ်းချမ်းက အရိုးအသွား ၁ဝ လက်မခန့်ရှိ အသင့်ပါလာသော ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

 မသဇင်မှာ ထိုးသွင်းဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ဆေးကုသ မှုခံယူလျက်ရှိသည်။


ငြိမ်းချမ်းမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးသွား၍စခန်းမှ စခန်းမှူး ဒု-ရဲ မှူးနိုင်စိုးနှင့်အဖွဲ့သည် ပြစ်မှုကျူးလွန် သူအား လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး စခန်းက (ပ)၆၆၆/၂ဝ၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူထားကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားချက်အရ သိရပါသည်။

သစ်ထူးလွင်


ပဲခူးမြို့ ရွှေမော်ဓောဘုရားပေါ်တွင် ဇနီးသည်ကို ဓားထိုးမှုဖြစ် ပဲခူးမြို့ ရွှေမော်ဓောဘုရားပေါ်တွင် ဇနီးသည်ကို ဓားထိုးမှုဖြစ် Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.