နမ့်ကွတ်ကျေးရွာနားမှာ ပစ်ခတ်မှုတွေဖြစ်


ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာကျေးရွာအကြား နမ့်ကွတ်ကျေးရွာအထက်မှာ ဒီနေ့ မနက်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေရာမှာရှိနေတဲ့ ခရီးသွားတချို့ ပြောပြတာက ဒီနေ့မနက် ၅ နာရီအချိန်ကစလို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ က ကားလမ်းပေါ်ကနေ ငွေငါးသောင်းစီနဲ့ လက်ကိုင်ဖုန်းတွေကို တောင်းခံသွားတယ်လို့ ပြောပါတယ်။


မနက် ၈ နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့ တွေဟာ ကားလမ်းပေါ် ပြန်တက်လာပြီး ကားကြီးတွေကို လမ်းပေါ်မှာကန့်လန့်ခံ ရပ်တန့်ခိုင်းသလို ကားဘီးတွေကို သေနတ်နဲ့ ပစ်ဖောက်သွားတယ်လို့ ပြောပါတယ်။

ဒီလိုပစ်ဖောက်သွားတာကြောင့် ၂၂ ဘီးကားကြီး ၄ စီး၊ ဆယ်ဘီးကားတစ်စီး၊ ၆ ဘီးကားတစ်စီးနဲ့ အိမ်စီးကားတစ်စီး ကားဘီးတွေပေါက်ပြီး လမ်းပိတ်ဆို့မှုဖြစ်ခဲ့ပါတယ်။


လတ်တလောအဲဒီနေရာမှာ တပ်မတော်နယ်မြေခံတပ်တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသလို ဒီနေ့ နေ့လယ် နှစ်နာရီအထိ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်နေဆဲဖြစ်ပါတယ်။ ပစ်ခတ်မှုတွေကြောင့် လူထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။

Photo: Kan Thar/RFA
RFA Burmese
https://www.facebook.com/rfaburmese
နမ့်ကွတ်ကျေးရွာနားမှာ ပစ်ခတ်မှုတွေဖြစ်  နမ့်ကွတ်ကျေးရွာနားမှာ ပစ်ခတ်မှုတွေဖြစ် Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.