အင်ဒိုနီးရှားမှာ လူကို စပါးကြီးမြွေမျို ၊ မြွေကြီးက ၂၃ ပေ ရှည်


အင်ဒိုနီးရှား နိုင်ငံမှာ ပျောက်ဆုံးနေတဲ့ အမျိုးသား တယောက်ရဲ့ အလောင်းကို စပါးကြီးမြွေ တကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ တွေ့ရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက ဆူလာဝက်စီကျွန်းက အက္ကဘာ အမည်ရှိ အသက် ၂၅ နှစ် အရွယ် အမျိုးသား တယောက်ဟာ စားအုန်းဆီ စိုက်ခင်းဆီ သွားရင်း ပျောက်ဆုံးသွားခဲ့တာပါ။

လူပျောက် ရှာနေရင်းနဲ့ အလွန်ကြီးမားတဲ့ မြွေကြီးကို တွေ့ခဲ့လို့ လူကို မြွေမျိုခဲ့သလား သံသယဝင်ခဲ့တယ်လို့ ဘီဘီစီ အင်ဒိုနီးရှား သတင်းဌာနကို ရဲတပ်ဖွဲ့ က ပြောပါတယ်။


၂၃ ပေ (၇ မီတာ) အရှည် ရှိတယ် ဆိုတဲ့ အကွက်အပြာက် အကြေးခွံ နဲ့ မြွေကြီးကို ခွဲစိတ် ရှာဖွေရာမှာတော့ ပျောက်ဆုံးနေသူရဲ့ အလောင်းကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီလို အစင်း အပြောက်တွေ ရှိတဲ့ စပါးကြီးမြွေမျိုးဟာ ကမ္ဘာ့အကြီးဆုံး ကျောရိုးရှိ အကြေးခွံ ရှိ သွေးအေးသတ္တဝါ ဖြစ်ပါတယ်။ သူတို့ဟာ သားကောင်တွေကို မျိုမချခင် လေမွန်းသေဆုံးစေတတ်ပါတယ်။

စပါးကြီးမြွေတွေဟာ လူတွေကို အစာ အဖြစ် သတ်စားခဲပေမယ့် မကြာခဏ ကလေးငယ်တွေနဲ့ တိရစ္ဆာန်တွေကို မျိုချတဲ့ သတင်းတွေ ကြားရလေ့ရှိပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

အင်ဒိုနီးရှားမှာ လူကို စပါးကြီးမြွေမျို ၊ မြွေကြီးက ၂၃ ပေ ရှည် အင်ဒိုနီးရှားမှာ လူကို စပါးကြီးမြွေမျို ၊ မြွေကြီးက ၂၃ ပေ ရှည် Reviewed by THITHTOOLWIN on 18:06 Rating: 5
Powered by Blogger.