ယာဉ်မောင်းအိပ်ငိုက်၍ အမြန်လမ်း ရဲနွယ်တံတားအောက်သို့ ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်


ကျောက်တံခါး မတ် ၁၉

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၈၃/၅နှင့် ၈၃/၆အကြား၌ မတ်လ ၁၉ရက် ညနေ ၃နာရီ က ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်တစ်စီး အမြန်လမ်း ရဲနွယ်တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းဦးဝင်းနိုင်ဦး ၅၅နှစ်(ဘ) ဦးအောင်မြင့်(-------)လမ်း တောင်ငူမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်EE/ - ---ဟာရီယာနက်ပြာရောင်ယာဉ်အား မောင်းနှင်လာစဉ် အိပ်ငိုက်ပြီး လမ်း၏ယာဘက်တွင်ရှိသော တံတားအား ကာရံ
ထားသည့် ဘာရီယာတုံးအား ဝင်တိုက်မိပြီး ရဲနွယ်တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းဦးဝင်းနိုင်ဦးတွင် ရင်ဘတ်အောင့်ဒဏ်ရာ ဝဲမျက်ခုံးပွန်းဒဏ်ရာ ယာလက်မောင်းပွန်းပြဲဒဏ်ရာများ ရရှိကာ မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မှာရှေ့နောက်လေကာမှန်ကွဲ ရှေ့ဘန်ကာ ပိန်ချိုင့် ဝဲယာကိုယ်ထည်နှင့် ယာဉ်နောက်ပိုင်း ပိန်ချိုင့်ပျက်စီးခဲ့၍ ကာလတန်ဘိုး ကျပ်သိန်း၃၀ဘိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၁၃/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၃၇အရ ယာဉ်မောင်းဦးဝင်းနိုင်ဦးအား အမူဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
ယာဉ်မောင်းအိပ်ငိုက်၍ အမြန်လမ်း ရဲနွယ်တံတားအောက်သို့ ယာဉ်တစ်စီး ထိုးကျတိမ်းမှောက် ယာဉ်မောင်းအိပ်ငိုက်၍ အမြန်လမ်း ရဲနွယ်တံတားအောက်သို့ ယာဉ်တစ်စီး ထိုးကျတိမ်းမှောက် Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.