ယူကရိန်း နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ ရဟတ်ယာဉ် တစ်စင်း ပျက်ကျ ခဲ့ပြီး ၅ ဦးသေဆုံး

Mi-2 အမျိုးအစား ရဟတ်ယာဉ် တစ်စင်းအားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ကိအက်ဗ် ၊ မတ် ၂၇ ရက် (ဆင်ဟွာ)

    ယူကရိန်း နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ Mi-2 အမျိုးအစား ရဟတ်ယာဉ် တစ်စင်းသည် မတ်လ ၂၆ ရက်နေ့ တွင် ယူကရိန်း နိုင်ငံ အရှေ့ပိုင်းရှိ Donetsk ပြည်နယ် Kramatorsk မြို့ အနီးတွင် ပျက်ကျခဲ့ပြီး ရဟတ်ယာဉ် တွင် လိုက်ပါသွားသူ ၅ ဦးလုံး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

ယူကရိန်း နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန သတင်း ဝက်ဆိုက်လ် ၏ ဖော်ပြချက်အရ ရဟတ်ယာဉ် ပေါ်တွင် ရဟတ်ယာဉ် ဝန်ထမ်း ၃ ဦး လိုက်ပါသွား ခဲ့ပြီး ကျန် ၂ ဦး မှာ ခရီးသည် များဖြစ်ကြကြောင်း ၊ ပညာရှင်များ၏ ကနဦး သုံးသပ်ချက် အရ ရဟတ်ယာဉ်သည် လျှပ်စစ်မီးကြိုးကို တိုက်မိ၍ ပျက်ကျခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရှိခဲ့ရသည်။

လက်ရှိချိန်တွင် ကယ်ဆယ်ရေး အဖွဲ့ နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ တို့မှ အခင်းဖြစ်ပွားရာနေရာ သို့သွားရောက် ကာ လုပ်ငန်းဆောင်ရွက်မှု များကို ပြုလုပ်နေပြီး ရဟတ်ယာဉ် ပျက်ကျ ခဲ့ရသည့် အကြောင်း ရင်း ကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ယူကရိန်း နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ ရဟတ်ယာဉ် တစ်စင်း ပျက်ကျ ခဲ့ပြီး ၅ ဦးသေဆုံး ယူကရိန်း နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ ရဟတ်ယာဉ် တစ်စင်း ပျက်ကျ ခဲ့ပြီး ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 15:16 Rating: 5
Powered by Blogger.