အရက်မူးနေသည့်သားရဲ့ လက်ချက်ကြောင့် မိခင်သေဆုံးမှု လက်ပံတန်းတွင်ဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဆင်မနီ ကျေးရွာတွင် သားဖြစ်သူက မိခင်အရင်းကို လက်သီးဖြင့် ထိုးခြင်း၊ တွန်းလှဲခြင်းများ ပြုလုပ်သောကြောင့် မိခင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း လက်ပံတန်းမြို့နယ် ခမုံနယ်မြေရဲခစန်းမှ သိရှိရသည်။

 မတ်လ ၁၇ ရက်က သားဖြစ်သူ လေးမြင့်မှာ အရက်မူးကာမိခင်ဖြစ်သူထံမှ အိမ်ရောင်းချငွေအား တောင်းခဲ့ပြီး နှစ်ဦးစကားများရာမှ မိခင်အားလက်သီးဖြင့် ထိုးကြိတ်ခဲ့ပြီး တွန်းလှဲရာတွင် ခေါင်းနှင့် သံတ္တာစောင်းတို့ ထိခိုက်မိရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေမှုသေခင်းဖွင့်ပြီး သေဆုံးသူကို ဓမ္မတာတိုင်းဆုံးခြင်း ဟုတ်/ မဟုတ်စစ်ဆေးတဲ့အခါ စစ်ဆေးချက်တွေအရ သေဆုံးသူမှာ ဦးနှောက် သွေးယိုစီးဒဏ်ရာဝဲယာနံရိုး ငါးချောင်းကျိုးဒဏ်ရာတွေနဲ့ သေဆုံးရတာဖြစ်လို့ ပုဒ်မ ၃၀၂ ကို ပြောင်းလဲအမှုဖြင့် ဆောင်ရွက်နေပါတယ်။”ဟု ခမုံနယ်မြေရဲခစန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

အမှုနှင့်ပတ်သက်၍ သေဆုံးသူအား ရဲဆေးစာဖြင့်ခမုံတိုက်နယ်ရဲစခန်းသို့ ပေးပို့ခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မှတ်တမ်းဓာတ် ပုံရိုက်ကူးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ သက်သေခံ ပစ္စည်းများ သိမ်းဆည်းခြင်း၊ မျက်မြက် သက်သေ စစ်ဆေးခြင်းတို့အား ပြုလုပ်နေကြောင်း သိရသည်။

မတ်လ ၁၈ ရက်နေ့တွင် သေမှုသေခင်းအမှတ် ၂/၂၀၁၇ အား ရဲအုပ်ဝင်းလှိုင်မှ တရားလိုပြုကာ (ပ)၃၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ပြီး လေးမြင့်အားဖမ်းဆီးထိန်းသိမ်းထားကြောင်း ခမုံနယ်မြေ ရဲစခန်းမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
အရက်မူးနေသည့်သားရဲ့ လက်ချက်ကြောင့် မိခင်သေဆုံးမှု လက်ပံတန်းတွင်ဖြစ်ပွား အရက်မူးနေသည့်သားရဲ့ လက်ချက်ကြောင့် မိခင်သေဆုံးမှု လက်ပံတန်းတွင်ဖြစ်ပွား Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.