ဝေါမြို့ နယ် ထိန်​တပင်​​ကျေးရွာ၌ ကိုးနှစ်​အရွယ်​ မိန်းခ​လေးငယ်​​တစ်​ဦး အဓမ္မပြုကျင့်​ခံရဟုဆို
ဝေါ ၊မတ်​လ (၂၄)
ပဲခူးတိုင်း​ဒေသကြီး​၊ ဝေါမြို့ နယ်​ပိုင်​ ထိန်​တပင်​ကျေးရွာ၌ မတ်​လ(၂၂)ရက်​​က ယင်း​ကျေးရွာ​နေ (၃)တန်း​ကျောင်းသူ မိန်းခ​လေးငယ်​တစ်​ဦး အဓမ္မပြုကျင့်​ခံရ​​၍ အဖွားဖြစ်​သူမှ အမှုဖွင့်​တိုင်​ကြားထားကြောင်း ထိန်​တစ်​ပင်​​ကျေးရွာသားတစ်​ဦးထံက သတင်းရရှိသည်​။
မတ်​လ (၂၂) ရက်​​နေ့ နံနက်​ (၈) နာရီအချိန့်ခန်​ က့ ထိန်​တပင်​​ကျေးရွာ​နေ ​ဒေါ်ငို မှာ တူမ​တော်​စပ်​သူ​ဒေါ်ချို ​၊ ဒေါ်နီလာ၊​မြေးဖြစ်​သူ အသက်​ (၉) နှစ်​အရွယ်ရှိ မ.......... တို့ နှင့်​အတူ​၊ နေအိမ်​၌ရှိ​နေစဉ်​ တစ်​ရွာတည်း​နေ အသက်​ (၂၂) နှစ်​အရွယ်​ရှိ စန္ဒ​ကျော်​ (ဘ)ဦးမျိုးသန်းဆိုသူ​ ရောက်​ရှိလာပြီး၊ မတ်​လ (၂၁) ရက်​​နေ့ ကသရက်​သီးသွား​ကောက်​ရာမှ သရက်​သီး​ဖိုးရောင်းရ​ငွေ (၁၀၀၀)ကျပ်​အား လာ​ရောက်​ ​ပေးအပ်​၍ သရက်​သီး ထပ်​မံသွား​ကောက်​ရန်​ မ........... အား​ခေါ်ဆိုသဖြင့်​ ​​ဒေါ်ချို မှ အိပ်​​ပျော်​​နေသည့်​ တူမဖြစ်သူမ.........
အား နှိုး၍ထည့်​​ပေးလိုက်​​ကြောင်း၊ စန္ဒ​ကျော်​က စက်​ဘီးနှင့်​မ........အား တင်​​ဆောင်​သွားပြီး တစ်​နာရီ​ကျော်​ခန့်အကြာ မ.........မှာ ငိုယိုပြီးပြန်​လာ​၍ ဒေါ်ချို မှ​ တူမဖြစ်​သူအားမေးမြန်းရာ ရွာ၏​တောင်​ဘက်​တစ်​မိုင်​ခန့်အကွာရှိ လူမ​နေသည့်​ တဲတွင် ​စန္ဒ​ကျော်​က မ ....... ဝတ်​ဆင်​လာသည့်​ အဝါ​ရောင်​​ဘောင်းဘီတိုအားအတင်းဆွဲချွတ်​၍ အဓမ္မပြုကျင့်​ခဲ့​ခြင်းကြောင်း ​​ညောင်​ခါးရှည်​ရဲစခန်း၏ ရဲမှတ်​တမ်းများအရ သိရသည်​။
အဆိုပါဖြစ်​စဉ်​နှင့်​ ပက်​သက်​၍ ​မ ....... အား အဓမ္မပြုကျင့်​သူ စန္ဒ​ကျော်​အားအ​ရေးယူ​ပေးပါရန်​ အဘွားဖြစ်​သူ​ဒေါ်ငိုမှ ​ညောင်​ခါးရှည်​နယ်​​မြေရဲစခန်းတွင်​ လာ​ရောက်​တိုင်​တန်းသဖြင့်​ ​ညောင်​ခါးရှည်​နယ်​​မြေရဲစခန်းမှ (ပ)၅၃/၂၀၁၇ ပြစ်​မှုဆိုင်​ရာဥပ​ဒေပုဒ်​မ ၃၇၆ ဖြင့်​အမှုဖွင့်​လှစ်​ထား​ကြောင်း သိရှိရပြီး အမှုနှင့်​ပက်​သက်​သည့်​ စန္ဒ​ကျော်​ဆိုသူမှာ ထွက်​​ပြေးတိမ်း​ရှောင်​​နေ​ကြောင်း ဆက်​လက်​သိရှိရသည်​။
Admin - Nay Makha
Waw Media
Powered by Blogger.