ရန်ကုန် မြို့ ပြ နှင့် တဆက်တည်းရှိ တံတား ၉ စင်းအား ဧပြီလ ၁ ရက်မှ စ၍ မော်တော်ယာဉ်များ အခမဲ့ ဖြတ်သန်းခွင့် ပြုမည်

တွံ့ တေး တံတားအား တွေ့ ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

    ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ ပြ နှင့် တဆက်တစပ်တည်း ရှိနေသော တံတား ၉ စင်းအား ဧပြီလ ၁ ရက်မှ စ၍ တံတား ဖြတ်သန်းခများ ကောက်ခံခြင်း မပြုတော့ဘဲ မော်တော်ယာဉ် အားလုံးကို အခမဲ့ ဖြတ်သန်းခွင့် ပြုမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။

ထိုတံတားများမှာ ရန်ကုန်-သန်လျင် တံတား အမှတ်(၁) ၊ ရန်ကုန်-သန်လျင် တံတား အမှတ်(၂ )(ကုလားဝဲ တံတား) ၊ ဘုရင့်နောင် တံတား အမှတ်(၁) ၊ ဘုရင့်နောင် တံတား အမှတ်(၂) ၊ အောင်ဇေယျ ကြိုးတံတား ၊ ရွှေပြည်သာ တံတား ၊ ပန်းလှိုင် တံတား ၊ တွံ့ တေး တံတား နှင့် မဟာ ဗန္ဓုလ တံတား တို့ ဖြစ်ကြောင်း သိရသည်။

တံတားကြီးများ ရေရှည် တည်တံ ခိုင်မြဲစေရန် နှင့် အန္တရာယ် ကင်းရန် တံတားများ ပေါ်တွင် သတ်မှတ် ခွင့်ပြု ယာဉ်နှင့် အလေးချိန် အတိုင်းသာ ဖြတ်သန်း သွားလာ ခွင့်ပြုမည် ဖြစ်ပါသဖြင့် ပြည်သူ အားလုံးမှ ပူးပေါင်း ကူညီကြရန်လည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ မေတ္တာရပ်ခံခဲ့သည်။

အများပြည်သူ အသုံးပြု သွားလာရာတွင် လွယ်ကူ အဆင်ပြေစွာ သွားလာ နိုင်ရန် အတွက် လည်းကောင်း ၊ အချိန်ကုန် သက်သာရန် လည်းကောင်း ၊ သယ်ယူပို့ ဆောင်ခများ ကျဆင်းစေရန် လည်းကောင်း ရည်ရွယ်၍ တံတား ဖြတ်သန်းခများ ကောက်ခံခြင်း မပြုတော့ကြောင်း သိရသည်။

ရန်ကုန်-သန်လျင် တံတား အမှတ်(၁)သည် အစွန်းထွက် ယက်မပေါ်တွင် ကားလမ်းများ တည်ဆောက် ထားပါသဖြင့် ၄င်းတံတားပေါ်တွင် ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ပြုမည် မဟုတ်ဘဲ ခရီးသည်တင်ယာဉ် မှန်လုံကားများ နှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့် ပြုမည် ဖြစ်ကြောင်း ၊ ကုန်တင်ယာဉ်များသည် ရန်ကုန်-သန်လျင် တံတား အမှတ်(၂)မှ အခမဲ့ ဖြတ်သန်း ရမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရန်ကုန် မြို့ ပြ နှင့် တဆက်တည်းရှိ တံတား ၉ စင်းအား ဧပြီလ ၁ ရက်မှ စ၍ မော်တော်ယာဉ်များ အခမဲ့ ဖြတ်သန်းခွင့် ပြုမည် ရန်ကုန် မြို့ ပြ နှင့် တဆက်တည်းရှိ တံတား ၉ စင်းအား ဧပြီလ ၁ ရက်မှ စ၍ မော်တော်ယာဉ်များ အခမဲ့ ဖြတ်သန်းခွင့် ပြုမည် Reviewed by THITHTOOLWIN on 14:41 Rating: 5
Powered by Blogger.