တောဆင်ရိုင်း နင်းသတ်ခံရတာကြောင့် ငွေဆောင်မြို့နယ်တွင် လူတဦးသေဆုံး


မောင်ရဲနိုင် ၂၆.၃.၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ် ဘူးကွဲကြီးရွာ အ​နောက်​ဘက်​​တောထဲမှာ မတ်လ ၂၆ရက်နေ့  ဒီကနေ့မနက်ပိုင်းက လူတဦးဆင်နင်းခံရပြီးသေဆုံးသွားကြောင်းသိရပါတယ်။

ဆင်နင်းခံရပြီး သေဆုံးသူမှာ အသက်၆၅နှစ်အရွယ်ဦးသောင်းလှဆိုသူဖြစ်ပါတယ်။

အနောက်ရိုးမထဲက တောဆင်ရိုင်း၆ကောင်ဟာ ငွေဆောင်မြို့နယ်မှာရှိတဲ့ လူနေခြံဝန်းတွေကို ယခုလ ၁၃ရက်နေ့ကတည်းက စတင်ဝင်ရောက်သောင်းကြမ်းနေတာကြောင့် တောဆင်ရိုင်းတွေကိုနှိမ်နင်းမောင်းထုတ်ပေးဖို့ သစ်တောဦးစီးဌာနကို အကြောင်းကြားထားကြောင်း ဒေသခံများထံမှသိရပါတယ်။

ငွေဆောင်မြို့နယ်မှာ တောဆင်ရိုင်းတွေဟာ သွပ်ကာခြံစည်းရိုးတွေကိုဖျက်ဆီးပြီး ငှက်ပျောစိုက်ခင်းနဲ့အခြားသီးနှံစိုက်ခင်းတွေကိုဝင်ရောက်စားသောက်ကြတာဖြစ်ပါတယ်။


ဒေသခံတွေကခြောက်လှန့်မောင်းထုတ်တဲ့အခါ တောဆင်ရိုင်းတွေဟာ ၅ရက်ခန့်ကြာမှ ဝင်ရောက်နေတဲ့ခြံထဲကနေအခြားခြံဘက်ကိုကူးပြောင်းသွားကြောင်းသိရပါတယ်။

ငွေဆောင်မြို့နယ်ဒေသခံပြည်သူတွေဟာ လဝက်နီးပါးဝင်ရောက်သောင်းကြမ်းနေတဲ့တောဆင်ရိုင်းတွေကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်မှုမြင့်တက်လျှက်ရှိနေခဲ့ကြပါတယ်။

ကနဦးဝင်ရောက်သောင်းကြမ်းစဉ်က ခြောက်လှန့်မောင်းထုတ်ယုံနဲ့အဆင်ပြေခဲ့ပေမယ့် နောက်နောင်အသက်အန္တရာယ် ရန်ရှာလာနိုင်တာကြောင့် ဒေသခံများစိုးရိမ်မှုမြင့်တက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဒေသခံတဦးဟာ ဘူးကွဲကြီးရွာ အနောက်ဘက်တောထဲမှာ တောဆင်ရိုင်းနင်းသတ်တာခံလိုက်ရတာကြောင့် အသက်အန္တရာယ်ဆုံးရှုံးသွားခဲ့ရပါတယ်။

ဓါတ်ပုံ - လူမှုကွန်ရက်
Ayeyarwaddy Times
https://www.facebook.com/ayetimes
တောဆင်ရိုင်း နင်းသတ်ခံရတာကြောင့် ငွေဆောင်မြို့နယ်တွင် လူတဦးသေဆုံး တောဆင်ရိုင်း နင်းသတ်ခံရတာကြောင့် ငွေဆောင်မြို့နယ်တွင် လူတဦးသေဆုံး Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.