ဆိုင်ကယ်ခိုးယူသူ (၃)ဦးအား ဖမ်းဆီးရမိ

ဘားအံ မတ် ၂၇

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းမှဘားအံမြို့ ပေါ်ရပ်ကွက်များအတွင်း ဆိုင်ကယ်များမကြာခဏပျောက်ဆုံးလျက်ရှိပြီး ဖော်ထုတ်နိုင်ခြင်းမရှိသေးသည့် ဆိုင်ကယ်ခိုးမှုလက်ကျန်များအား တရားခံဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဘားအံခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်သက်စိုးဦးဦးစီးအဖွဲ့ဖြင့် သီးခြားတာဝန်ပေး၍ဖော်ထုတ်ခဲ့ရာ ဆိုင်ကယ်ခိုးယူသူ (၃)ဦးအား ဖမ်းဆီးရမိပြီး စစ်ဆေးဖော်ထုတ်ရာမှမတ်လ ၂၇ ရက်နေ့အထိ ခိုးယူခဲ့သည့် ဆိုင်ကယ်(၁၁)စီး ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့သည်။

ဖြစ်စဉ်မှာ ၁၈-၃-၂၀၁၇ ရက်နေ့ (၁၄၀၀)အချိန်ဘားအံမြို့မရဲစခန်း၏(ပ)၁၅၄/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၇၉(ဆိုင်ကယ်)အမှုမှမသင်္ကာတရားခံများဖြစ်သောကောင်းလင်းထွန်း၊ ၁၈နှစ်၊(ဘ)ဦးမျိုးထွန်း၊ကျဘမ်းလုပ်၊ ခနာစုပိုင်း၊ဖောင်တော်သီကျေးရွာ၊ဖောင်တော်သီးကျေးရွာအုပ်စု၊ပဲခူးတိုင်းဒေသကြီး၊ စိုင်းလင်းအောင်၊၂၄နှစ်၊(ဘ)ဦးမျိုးထွန်း၊ ကျဘမ်းလုပ်၊(လိပ်စာတူ)နှင့် ငထွန်း (ခ)ထွန်းထွန်း၊၂၃နှစ်၊(ဘ)ဦးတိုးမြင့်၊ကျဘမ်းလုပ်၊ဇောတိက (၅)လမ်း၊ ကျောင်းကြီးရပ်ကွက်၊ပုလဲမြို့သစ်၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူတို့(၃)ဦးအား အသေးစိတ်စစ်ဆေးရန်အတွက် ဘားအံမြို့နယ်တရားသို့ (၁၈-၃-၂၀၁၇)ရက်နေ့မှ (၂၂-၃-၂၀၁၇) ရက်နေ့အထိချုပ်ရီမာန်တင်ပြတောင်းခံပြီးအမှုဖြင့် စစ်ဆေးခဲ့ရာ ၎င်းင်းတို့(၃)ဦး ခိုးယူခဲ့သည့်ဆိုင်ကယ်(၁၁)စီးအား ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ပြီး ရဲအုပ်သက်စိုးဦးမှ တရားလိုပြုလုပ်ကာ ဘားအံ
မြို့မရဲစခန်း၌ ခိုးမှု (၁၁)မှု ဖြင့် အမှုဖွင့်ထားသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိုင်ကယ်ခိုးယူသူ (၃)ဦးအား ဖမ်းဆီးရမိ ဆိုင်ကယ်ခိုးယူသူ (၃)ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.