ရန်ကုန်သင်္ကြန်လုံခြုံရေးအတွက် အင်အား ၈ ထောင် ကျော် အသုံးပြုသွားမည်

ရန်ကုန်သင်္ကြန်လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းအစိုးရဖွဲ့ရုံးမှာ ကျင်းပနေစဉ်။ Photo:Kyaw Zaw Win/RFA
ရန်ကုန်သင်္ကြန်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၅ထောင်ကျော်နဲ့ လူမှုရေး အဖွဲ့အစည်းတွေအပါအ၀င် အင်အား ၈ ထောင်ကျော် အသုံးပြုသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းအစိုးရဖွဲ့ရုံးမှာ ကျင်းပတဲ့ ရန်ကုန်သင်္ကြန်လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ဗိုလ်မှူးကြီး တင်အောင်ထွန်း က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ်အကြီး ၂၂ ခု အပါအ၀င် မဏ္ဍပ်စုစုပေါင်း ၆၀ လောက်ရှိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။

သင်္ကြန်မဏ္ဍပ်အကြီးတစ်ခုစီမှာ ရဲအရာရှိ ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၈ ဦးက လုံခြုံရေး တာဝန်ယူ ပေးထားမှာဖြစ်ပြီး လူစည်ကားရာနေရာတွေမှာလည်း လုံခြုံရေးတွေ ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုကိုးကျွန်းမြို့နယ်တရားရုံးကလွဲပြီး ကျန်မြို့နယ်တွေက တရားရုံးတွေကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရန်ကုန်သင်္ကြန်လုံခြုံရေးအတွက် အင်အား ၈ ထောင် ကျော် အသုံးပြုသွားမည် ရန်ကုန်သင်္ကြန်လုံခြုံရေးအတွက် အင်အား ၈ ထောင် ကျော် အသုံးပြုသွားမည် Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.