တိုက်ကြီး ငလျင်ဒဏ်ကြောင့် လူနေလိုင်းခန်း နံရံ ပြိုကျကာ လူ ၂ ဦး သေဆုံး

တိုက်ကြီး ငလျင်ဒဏ် ခံစားရသဖြင့် ဆေးရုံသို့ ရောက်ရှိလာသူများအား တွေ့ ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

    တိုက်ကြီးမြို့ အနီး လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တိုက်ကြီးမြို့ လိမ္မော်ခြံ ကျေးရွာ အုပ်စုရှိ ကပစ (၁၁) ဝန်း တွင် လူနေလိုင်းခန်း နံရံ ပြိုကျကာ လူ ၂ ဦး သေဆုံးမှု ရှိခဲ့ကြောင်း တိုက်ကြီး မြို့ နယ် ဆေးရုံမှ မြို့ နယ် ကုသရေး ဦးစီး ဌာနမှူး/ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ သန်းမြင့်က ဆင်ဟွာသို့ ယနေ့ မတ် ၁၄ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီမှာ လူနာ စုစုပေါင်း ၃၆ ယောက်ပါပဲ။၅ ယောက်ကတော့ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို လွှဲပေးလိုက်ပါပြီ။ကျွန်တော်တို့ ဆီမှာတော့ အသေအပျောက် မရှိပါဘူး။ဒါပေမယ့် ထပ်ပြီး စုံစမ်းကြည့်တော့ ကပစ(၁၁)က ၂ ယောက် ဆုံးသွားတယ်လို့ အတည်ပြုချက် ရပါတယ်။ညတွင်းချင်းပဲ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ လိုက်တယ်လို့ ပြောပါတယ်။”ဟု ဒေါက်တာ သန်းမြင့်က ပြောကြားခဲ့သည်။

တိုက်ကြီး မြို့ ၊ ပြည်သူ့ ဆေးရုံအား တွေ့ ရစဉ်(ဆင်ဟွာ)
တိုက်ကြီး မြို့ နယ် ဆေးရုံမှ မြို့ နယ် ကုသရေး ဦးစီး ဌာနမှူး/ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ သန်းမြင့်က ဆင်ဟွာသို့ ဖြေကြားနေစဉ်(ဆင်ဟွာ)


ငလျင်ဒဏ်ကြောင့် ကပစ (၁၁) ဝန်း တွင် လူနေလိုင်းခန်း နံရံ ပြိုကျကာ အသက် ၆ နှစ် အရွယ်ရှိ ကလေးငယ် တစ်ဦး နှင့် အသက် ၅၈ နှစ် အရွယ်ရှိ တပ်ကြပ် တစ်ဦးသည် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် တိုက်ကြီး မြို့ နယ် ပြည်သူ့ ဆေးရုံတွင် ငလျင်ဒဏ်ကြောင့် ကုသမှု ခံယူသူမှာ ၅ ယောက်သာ ကျန်ရှိတော့ကြောင်း ၊ ငလျင်ဒဏ်ကြောင့် ဆေးရုံသို့ ရောက်ရှိလာသူ တစ်ဝက်ခန့် မှာ ထိခိုက်ဒဏ်ရာ ရရှိ၍ ရောက်ရှိလာခဲ့ပြီး ကျန်ရှိသည့် သူများမှာ သတိလစ် ၊ မူးဝေမှုများကြောင့် ဖြစ်ကြောင်း ၄င်းက ပြောသည်။

တိုက်ကြီးမြို့ အနီး ဗဟိုပြုသော အင်အား အသင့်အတင့်ရှိ မြေငလျင်ဒဏ်ကြောင့် ပြည်သူ ၂၄ ဦး ထိခိုက် ဒဏ်ရာ ရရှိမှု ရှိကာ ပျက်စီး ဆုံးရူံး မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီး ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

တိုက်ကြီးမြို့ အနီး ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ မြေငလျင်သည် မတ် ၁၃ ရက် ညပိုင်း အချိန်တွင် ၂ ကြိမ် လှုပ်ခတ်ခဲ့သည်။

(Xinhua)
http://xinhuamyanmar.com/myanmar
တိုက်ကြီး ငလျင်ဒဏ်ကြောင့် လူနေလိုင်းခန်း နံရံ ပြိုကျကာ လူ ၂ ဦး သေဆုံး တိုက်ကြီး ငလျင်ဒဏ်ကြောင့် လူနေလိုင်းခန်း နံရံ ပြိုကျကာ လူ ၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.