ခမောက်ကြီးမြို့နယ်ခွဲတွင် ကြံ့သူတော်(အထီး) ၁ ကောင် ဖမ်းဆီးမိ


နေပြည်တော်၊ မတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ အေးမြသာယာကျေးရွာမှ ရွာသားတစ်ဦးသည် မတ် ၁၃ ရက်တွင် တောင်ယာခုတ်ရန် သွားရောက်စဉ် ကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ တောတွင်းမှ အလျား ၃၂ လက်မ၊ အနံ ၁၈ လက်မ၊ လုံးပတ် ၂၃ လက်မခန့်ရှိ ရှားပါးတိရိစ္ဆာန် ကြံ့သူတော်(အထီး) ၁ ကောင်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် နယ်မြေခံတပ်သို့ မတ် ၁၅ ရက်တွင် လာရောက်အပ်နှံခဲ့သည်။

ခမောက်ကြီးမြို့နယ်ခွဲ၊ အေးမြသာယာကျေးရွာအနီးတွင် ဖမ်းဆီးရမိသည့် ကြံ့သူတော်အား ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးအပ်
အဆိုပါဖမ်းဆီးရမိသော ကြံ့သူတော်အား ပြည်သူလူထုကို ပြသနိုင်ရေးအတွက် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ကော့သောင်းခရိုင်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
ခမောက်ကြီးမြို့နယ်ခွဲတွင် ကြံ့သူတော်(အထီး) ၁ ကောင် ဖမ်းဆီးမိ ခမောက်ကြီးမြို့နယ်ခွဲတွင်  ကြံ့သူတော်(အထီး) ၁ ကောင် ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 05:22 Rating: 5
Powered by Blogger.