တရုတ်နိုင်ငံ၌ ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်သူ ၁၆ ဦးကို ထောင်ဒဏ် ချမှတ်


ပေကျင်း ဇန်နဝါရီ ၁

တရုတ်နိုင်ငံ၌ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို တရားမဝင် ရောင်းဝယ်မှု ပြုလုပ်သည့် ခွဲစိတ်ဆရာဝန် အပါအဝင် လူ ၁၆ ဦးကို ထောင်ဒဏ် နှစ်နှစ်မှ ငါးနှစ်အထိ ချမှတ်လိုက်ကြောင်း Xinhua သတင်းဌာနက ဒီဇင်ဘာ ၃၁ ရက်တွင် ဖော်ပြထားသည်။

မေ့ဆေးဆရာဝန် တစ်ဦး၊ သူနာပြု တစ်ဦးနှင့် လက်ထောက် ဆရာဝန် တစ်ဦးတို့လည်း ပါဝင်သည့် အဆိုပါ အဖွဲ့သည် တရားမဝင် ကျောက်ကပ် ရောင်းဝယ်မှုကြီးတွင် ပါဝင် ပတ်သက်နေသည့် အတွက် ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း တရားရုံးက ပြောသည်။

တရားခံများသည် နိုင်ငံအတွင်း ကျောက်ကပ် ရောင်းဝယ်သူများကို အွန်လိုင်းမှ ရှာဖွေခြင်း ဖြစ်ပြီး ကျောက်ကပ် ရောင်းသူနှင့် ဝယ်သူများ အကြား စမ်းသပ်ခြင်းနှင့် အစားထိုး ကုသရန် သင့်လျော်ခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးပေးကြောင်း ရှန်တုံပြည်နယ် အရှေ့ပိုင်း ကျီနန်းမြို့ရှိ တရားရုံးက ပြောသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
တရုတ်နိုင်ငံ၌ ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်သူ ၁၆ ဦးကို ထောင်ဒဏ် ချမှတ် တရုတ်နိုင်ငံ၌ ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်သူ ၁၆ ဦးကို ထောင်ဒဏ် ချမှတ် Reviewed by THITHTOOLWIN on 01:41 Rating: 5
Powered by Blogger.