ဇနီး နှင့် ရင်သွေးငယ် ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားသော ဖခင်တစ်ဦး

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ၌ လုံခြုံရေးကင်းလှည့်နေသော ရဲတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ကိုပင်ဟေဂင် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

    ဒိန်းမတ်နိုင်ငံJutland ကျွန်းဆွယ်ရှိ Ulstrup မြို့ နေ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ၄င်း၏ ဇနီး နှင့် ရင်သွေးငယ် ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဇန်နဝါရီလ ၁ဝ ရက်တွင် ရေးသားဖော်ပြသည်။

၎င်းတို့ နေထိုင်ရာ လိပ်စာ၌ သံသယဖြစ်ဖွယ် အခြေအနေကို ရဲတပ်ဖွဲ့ က သတင်းပေးပို့ မှု လက်ခံရရှိခဲ့ပြီးနောက် သေဆုံးသူ မိသားစုဝင် ၆ ဦး၏ ရုပ်အလောင်းများကို ဇန်နဝါရီလ ၉ ရက်မွန်းလွဲပိုင်းတွင် ရှာဖွေတွေ့ ရှိခဲ့ကြောင်း Ritzau ဒိန်းမတ် သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်တွင် အခင်းဖြစ်စဉ်မှာ မိသားစုတွင်း သတ်ဖြတ်မှုဖြစ်ကြောင်း ၊ အသတ်ခံရသူများမှာ အသက် ၄၂ နှစ်အရွယ် ဇနီးသည် ၊ အသက် ၃ နှစ် နှင့် ၁၁ နှစ်အရွယ် သားယောင်္ကျား ၂ ဦး နှင့် အသက် ၆ နှစ် နှင့် ၁၆ နှစ် အရွယ် သမီးမိန်းကလေး ၂ ဦးတို့ ပါဝင်ကြောင်း နှင့် သတ်ဖြတ်သူမှာ ကလေးတို့ ၏ ဖခင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုများသည် ဓာတ်ငွေယို့ စိမ့် ခြင်းကြောင့် ဖြစ်ကြောင်း အရှေ့ Jutland ရဲတပ်ဖွဲ့ က ကနဦး စစ်ဆေးချက်များအရ သုံးသပ်ကာ ထိုအမှုကို  အမှုပိတ်သိမ်းခဲ့ ပြီးဖြစ်သည်။

“ ဒီအမှုနဲ့ ပတ်သက်ပြီးရရှိခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး ကလေးငယ် လေးယောက် နဲ့  အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ယောက်က သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ၏ စစ်ချက်မှာဖော်ပြခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့ ၏ သတင်းစာရှင်းလင်းပွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သတ်ဖြတ်ရခြင်း အကြောင်းအရာကို မသိရှိရသေးပါ။ ၄င်းသတ်ဖြတ်မှုသတင်းသည် ဒိန်းမတ်တစ်နိုင်ငံစလုံးအတွက် အံ့သြထိတ်လန့် ခဲ့ပြီး လွန်ခဲ့သော လအနည်းငယ်ကလည်း အလားတူသတ်ဖြတ်မှုမျိုး ကြုံခဲ့ဖူးကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလက ဒိန်းမတ်နိုင်ငံတောင်ပိုင်း Aabenraa မြို့ ရှိ လူနေအိမ်ခန်းတစ်ခု၏ ရေခဲသေတ္တာတစ်ခုထဲတွင်  အသက် ၂၇ နှစ်အရွယ် ဆီးရီးယားအမျိုးသမီး နှင့် ၄င်း၏ သမီးငယ် နှစ်ဦးသေဆုံးနေသည်ကို ရှာဖွေ တွေ့ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မှုခင်းဖြစ်ရပ်တွင်လည်း ကလေး ၂ ဦး နှင့် ဇနီးသည်ကို သတ်ဖြတ်သူမှာ ကလေးတို့ ၏ဖခင်ပင်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဇနီး နှင့် ရင်သွေးငယ် ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားသော ဖခင်တစ်ဦး ဇနီး နှင့် ရင်သွေးငယ် ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားသော ဖခင်တစ်ဦး Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.