ကန့်ဘလူမြို့နယ် ဇီးကုန်းကျေးရွာမှာ ဓါတ်ဆီဆိုင်၊ ၀ပ်ရှော့ ၊ ပွဲရုံနှင့် လူနေဆိုင်ခန်းများ မီးလောင်မှု ဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇီးကုန်းကျေးရွာ ရန်ကြီးအောင်ရပ်ကွက် အရှေ့ဘက်  ဇီးကုန်း-မူးဆုံ သွားလမ်းတောင်ဘက် လမ်းဘေးရှိ ဆီဆိုင်တန်းတွင် ဇန်နဝါရီ ၁၅ ရက်ညနေ ၆ နာရီ မိနစ် ၂၀ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


 ရန်ကြီးအောင်ရပ်ကွက် မစိမ်းမြမြတ်ညိမ်း(၃၆ နှစ်)၏ ကိုလာစက်သုံးဆီအရောင်းဆိုင်တွင် အောက်တိန်း ဓာတ်ဆီများကို ပေပါတစ်လုံးနှင့်တစ်လုံး လဲလှယ်ထည့်ရာမှ ဆီအငွေ့ပျံ၍ (တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်) မီးထတောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကိုလာစက်သုံးဆီအရောင်းဆိုင်အပါအဝင် ၎င်းဆိုင်၏ အရှေ့ဘက်ရှိ ကျော်မျိုး ဆိုင်ကယ်ဝပ်ရှော့၊ ရွှေဝါဝါဝင်း ပဲပွဲရုံနှင့် ဒေါ်လင်းလင်း၏ လူနေဆိုင်ခန်းများထိ မီးကူးစက်လောင်ကျွမ်းခဲ့သည်။


အဆိုပါမီးလောင်သည့်နေရာသို့ မီးငြှိမ်းသတ်နိုင်ရေးနှင့် အနီးကပ်ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးစိုးသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမိုးမြင့်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမိုးကျော်သူနှင့်တပ်ဖွဲ့ဝင်များ၊ ဇီးကုန်းသိကြားစက်မှ မီးငြှိမ်းသတ်ယာဉ်နှင့် တပ်ဖွဲ့ဝင်များ၊ ဇီးကုန်းကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ဇီးကုန်ရဲစခန်းမှ တပ်ဖွဲဝင်များ၊ ဒေသခံပြည်သူများက မီးငြှိမ်းသတ်ယာဉ် ၈ စီးဖြင့် မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ရာ ၆ နာရီ မိနစ် ၅၀ တွင် မီးညွန်ကျိုးခဲ့ပြီး ည၈ နာရီတွင် အပြီးသတ် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးပေါ့ဆသူ မစိမ်းမြမြတ်ငြိမ်းအား ဇီးကုန်းရဲစခန်း (ပ)အမှတ် ၆/၂၀၁၇ ရာဇသတ်ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကန့်ဘလူမြို့နယ် ဇီးကုန်းကျေးရွာမှာ ဓါတ်ဆီဆိုင်၊ ၀ပ်ရှော့ ၊ ပွဲရုံနှင့် လူနေဆိုင်ခန်းများ မီးလောင်မှု ဖြစ်ပွား  ကန့်ဘလူမြို့နယ် ဇီးကုန်းကျေးရွာမှာ ဓါတ်ဆီဆိုင်၊ ၀ပ်ရှော့ ၊ ပွဲရုံနှင့် လူနေဆိုင်ခန်းများ မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.