ပိုးသတ်ဆေးဗူးဖောက်စဉ် ပိုးသတ်ဆေး ပါးစပ်ထဲဝင်၍ သေဆုံး


မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်တွင် ဇန်နဝါရီ(၁၆)ရက်နေ့က လူတစ်ဦး ပိုးသတ်ဆေးပါးစပ်ထဲဝင်၍ သေဆုံးခဲ့ကြောင်း စလေနယ်မြေရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ(၁၆)ရက်နေ့ ညနေ(၅)နာရီခွဲ အချိန်က ချောက်ပြည်သူ့ဆေးရုံမှ ပိုးသတ်ဆေးသောက်မိ၍ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားသော လူနာတစ်ဦးရှိကြောင်းအကြောင်းကြားချက်အရ စလေနယ်မြေရဲစခန်းမှ ရဲအုပ် မြင့်သန်း သွားရောက်စစ်ဆေးခဲ့သည်။

 သေဆုံးသူမှာ သက်ခိုင်၊၂၅နှစ်၊ကန်ဆောင်ကျေးရွာ၊ ချောက်မြို့နယ်နေသူသည် နေအိမ်ကြမ်းခင်းအား ကြမ်းပိုးသေစေရန်အတွက် NABPATIFIC PPE လင်နိုဖော့ 50 CC ပိုးသတ်ဆေးဗူးအားဖောက်စဉ် ဆေးရည်မထွက်သဖြင့် ပါးစပ်ဖြင့်စုပ်ရာမှ ဝမ်းဗိုက်အတွင်းဝင်သွားပြီး ခေါင်းမူးခေါင်းကိုက် ဖြစ်လာ၍ ချောက်ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ကုသနေစဉ် ယင်းနေ့ ညနေ (၅) နာရီ (၁၅)မိနစ် အချိန် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အမှုစစ်၏ စစ်ဆေးချက်အရသိရသည်။

ယင်းအမျိုးသားသေဆုံးမှုနှင့်ပက်သက်၍ ရဲအုပ်မြင့်သန်းမှ တရားလိုပြု တိုင်ကြားခဲ့၍ ချောက်မြို့နယ်၊စလေနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၇ ဖြင့်အမှုဖွင့်ထားသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပိုးသတ်ဆေးဗူးဖောက်စဉ် ပိုးသတ်ဆေး ပါးစပ်ထဲဝင်၍ သေဆုံး  ပိုးသတ်ဆေးဗူးဖောက်စဉ် ပိုးသတ်ဆေး ပါးစပ်ထဲဝင်၍ သေဆုံး Reviewed by THITHTOOLWIN on 22:06 Rating: 5
Powered by Blogger.