အမြန်လမ်းတွင် လမ်းဖြတ်ကူးသူ AD VAN ကားဖြင့် တိုက်မိသေဆုံး


နေပြည်တော် ဇန်န၀ါရီ ၁၇

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ တံတားဦးမြို့နယ် မိုင်တိုင်အမှတ် ၃၄၀/၄ နှင့် ၃၄၀/၅ အကြား နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းဦးမြင့်ဝေ မောင်းနှင်လာသော AD VAN မော်တော်ယာဉ်မှာ ယနေ့နံနက် ၈ နာရီခွဲက တံတားဦးမြို့နယ် ဘူးနောက်ကျေး ရွာနေ မောင်နေလင်းဦး (၁၀)နှစ်သည် အမြန် လမ်းမကြီး အရှေ့ဘက်ခြမ်းမှ နောက်ဘက်သို့ဖြတ်ကူးစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား(၂)ဦး အမျိုးသမီး (၃)ဦးပေါင်း (၅)ဦးမှာ ထိခိုက်မှု မရှိသော်လည်း လမ်းဖြတ် ကူးသူ မောင်နေလင်းဦးမှာ ၀ဲ/ယာဂျိုစောင်းဖူးရောင်ပေါက်ပြဲ ပြီး၊ နောက်ကျောပွန်းပဲ့ ဒဏ်ရာများရရှိပြီး အခင်းဖြစ်ပွားသည့်နေရာ တွင် သေဆုံးသွားခဲ့သည်။ သေဆုံးသူအား စကားအင်းအမြန် လမ်းမကြီး ရဲစခန်းပိုင်ယာဉ်ဖြင့် တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်လမ်းမကြီးပေါ်တက်ရောက်သွားလာခွင့်မရှိဘဲ လမ်းဖြတ်ကူးရာမှ ယာဉ်မတော် တဆမှုဖြစ်ပွားခြင်းဖြစ်၍ လမ်းဖြတ်ကူးသူ အား အရေးယူပေးရန်တိုင်းကြားသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)

ဓါတ်ပုံ (အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမြန်လမ်းတွင် လမ်းဖြတ်ကူးသူ AD VAN ကားဖြင့် တိုက်မိသေဆုံး အမြန်လမ်းတွင် လမ်းဖြတ်ကူးသူ AD VAN ကားဖြင့် တိုက်မိသေဆုံး Reviewed by THITHTOOLWIN on 15:42 Rating: 5
Powered by Blogger.