အမြဲတန်းနေထိုင်ခွင့် ပိုလွယ်ကူ မယ်လို့ ဒု သမ္မတ ပြောကြား

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို နေပြည်တော် နိုင်ငံတော်သမ္မတရုံးမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျင်းပစဉ် ။ Photo: Myanmar President Office
မြန်မာနိုင်ငံမှာ ကာလရှည်ကြာ လာရောက်နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေ အမြဲတန်းနေထိုင်ခွင့်ရရှိရေးအတွက် ပိုမိုလွယ်ကူအောင် လုပ်ဆောင်ပေးမယ်လို့ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ အစည်းအဝေးမှာ ဒု သမ္မတ က နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နည်းစနစ်တွေကိုလေ့လာပြီး လက်ရှိကျင့်သုံးနေတဲ့ နည်းဥပဒေတွေကို လိုအပ်သလို ဖြေလျော့ပြင်ဆင်ပေးဖို့လိုကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ နှစ်နိုင်ငံသား ခံယူခွင့်မရှိတဲ့အတွက် ကာလရှည်ကြာနေလိုတဲ့ ရင်းနှီးမြုပ်နှံ လိုသူတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ မြန်မာနိုင်ငံသားဟောင်းတွေ၊ မြန်မာနိုင်ငံသားနဲ့ လက်ထပ်တဲ့ နိုင်ငံခြား သားတွေအတွက် အမြဲတန်းနေထိုင်ခွင့်စနစ်ဆိုင်ရာ နည်းပဒေတွေကို ၂ဝ၁၄နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတည်ဆဲ ဥပဒေအရ ၂ဝ၁၅ ဇန်နဝါရီက ဒီကနေ့အထိ အမြဲနေထိုင်ခွင့် လျှောက်ထားသူ ၃၅ဝ ရှိတဲ့အနက် ၁၆၂ ဦးကိုခွင့်ပြုခဲ့ကြောင်းလည်း ဒု သမ္မတက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
အမြဲတန်းနေထိုင်ခွင့် ပိုလွယ်ကူ မယ်လို့ ဒု သမ္မတ ပြောကြား အမြဲတန်းနေထိုင်ခွင့် ပိုလွယ်ကူ မယ်လို့ ဒု သမ္မတ ပြောကြား Reviewed by THITHTOOLWIN on 11:35 Rating: 5
Powered by Blogger.