ဂါနာမြို့တော်တွင် ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၇ဦးသေဆုံး

ဂါနာနိုင်ငံ တွင်ဖြစ်ပွားခဲ့သည့် ဓါတ်ငွေ့ဆိုင်ပေါက်ကွဲများအားတွေ့ရစဉ် (ဆင်ဟွာ)
   အက်ကရာ၊ ဒီဇင်ဘာ ၂၃ရက် (ဆင်ဟွာ)

    ဂါနာနိုင်ငံ မြို့တော် အက်ကရာမြို့တွင် ဒီဇင်ဘာ ၂၂ရက် ညနေပိုင်းက ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် ဂါနာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာ အနီးရှိ ဓါတ်ငွေ့ဆိုင် မှ မီတာအနည်းငယ် အကွာ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထို့မှတစ်ဆင့်မီးစသည် ဓါတ်ငွေ့ဆိုင်အတွင်း ဓါတ်ငွေ့ဖြည့်နေသည့် ကုန်တင်ကားတစ်စီးသို့ ကူးစက်ကာ ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပွားစေခဲ့ကြောင်း အခင်းဖြစ်ပွားရာရှိ ဆင်ဟွာ သတင်းထောက်တစ်ဦးကပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဂါနာမြို့တော်တွင် ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၇ဦးသေဆုံး ဂါနာမြို့တော်တွင် ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၇ဦးသေဆုံး Reviewed by THITHTOOLWIN on 16:17 Rating: 5
Powered by Blogger.