ရှမ်းပြည်မြောက်ပိုင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၉ဦး၊ ဒဏ်ရာရရှိသူ ၆၂ဦးထိရှိလာ


     ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

    ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ရက်နေ့မှ ဒီဇင်ဘာ ၉ရက်နေ့ထိ သေဆုံးသူ ၂၉နှင့် ဒဏ်ရာရရှိသူ ၆၂ဦးထိ တိုးမြင့်လာကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

 KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် တပ်မတော်သား တစ်ဦး၊ရဲဝန်ထမ်း ၁၅ဦး၊ပြည်သူ ၁၃ဦး စုစုပေါင်း ၂၉ဦးသေဆုံးပြီး ပြည်သူ ၄၉ဦး၊ရဲဝန်ထမ်း ၁၁ဦး၊ ၀န်ထမ်း ၂ဦး စုစုပေါင်း ၆၂ဦး ဒဏ်ရာရရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား KIA ၊ TNLA ၊ နှင့် MNDAA ပူးပေါင်းလက်နက်ကိုင်များသည် နိုဝင်ဘာ ၂၀ရက်နေ့မှ စတင်ပြီး ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့မှ လက်နက် ၄၉လက်ဆုံးရှုံးခဲ့ရပြီး ကိုးလက်ပြန်လည်ရရှိထားသဖြင့် လက်နက် ၄၀လက်ဆုံးရှုံးလျက်ရှိသည်။

(Xinhua)
http://xinhuamyanmar.com
ရှမ်းပြည်မြောက်ပိုင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၉ဦး၊ ဒဏ်ရာရရှိသူ ၆၂ဦးထိရှိလာ  ရှမ်းပြည်မြောက်ပိုင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၉ဦး၊ ဒဏ်ရာရရှိသူ ၆၂ဦးထိရှိလာ Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.