ပြောက်ကျားတပ် ချီတက်ခဲ့ရာ လမ်းကြောင်း အတိုင်း ကက်စ်ထရို့ ပြာအိုး သယ်ဆောင်မယ်

နိုင်ငံတော် ပူဆွေးဖွယ်နေ့ ၉ ရက် ကျင်းပနေ
ကွယ်လွန်သူ တော်လှန်ရေး ခေါင်းဆောင် ဖီဒယ် ကက်စ်ထရို ကို ရည်စူးပြီး တနင်္လာ နေ့မှာ ကျင်းပ ဖို့ စီစဉ်ထားတဲ့ အောက်မေ့ဖွယ် အမှတ်တရ အခမ်းအနားတွေ ကို ကျူးဘား နိုင်ငံမှာ ကြိုတင် ပြင်ဆင် ခဲ့ကြပြီး ဖြစ်ပါတယ်။

ဟားဗားနား မြို့တော်နဲ့ ဆန်တီယာဂို မြို့တွေမှာ လူထု ချီတက်ပွဲတွေ အကြီးအကျယ် ပြုလုပ်မှာ ဖြစ်ပါတယ်။

ဟာဗားနား မြို့ခံတွေ မြို့တော်ရဲ့ တော်လှန်ရေး ရင်ပြင်မှာ လာရောက် စုရုံး ကြဖို့ နှိုးဆော် ထားပါတယ်။

ကက်စ်ထရိုရဲ့ ရုပ် အလောင်းကို မီး သင်္ဂြိုလ်ထားတဲ့ ပြာတွေကို ဟာဗားနား တော်လှန်ရေး ရင်ပြင်ကနေ စတင်လို့ တော်လှန်ရေးကာလ သူ ဦးဆောင်တဲ့ ပြောက်ကျား တပ်ဖွဲ့ ချီတက် တိုက်ခိုက် ခဲ့ကြရာ လမ်းကြောင်း အတိုင်း သယ်ဆောင် ကြမှာပါ။

ကျူးဘားမှာ နိုင်ငံတော် ပူဆွေးဖွယ်နေ့ ၉ ရက် ကျင်းပမှာ ဖြစ်ပြီး နောက်ဆုံးနေ့ ဒီဇင်ဘာ ၄ ရက် မှာတော့ ကက်စ်ထရိုရဲ့ ပြာအိုးကို ဆန်တီယာဂို ဒီ ကူးဘား မြို့မှာ မြှုပ်နှံ မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပြောက်ကျားတပ် ချီတက်ခဲ့ရာ လမ်းကြောင်း အတိုင်း ကက်စ်ထရို့ ပြာအိုး သယ်ဆောင်မယ် ပြောက်ကျားတပ် ချီတက်ခဲ့ရာ လမ်းကြောင်း အတိုင်း ကက်စ်ထရို့ ပြာအိုး သယ်ဆောင်မယ် Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.