ဖားကန့်မှာ သတ္တုအစိတ်အပိုင်း တစ်ခု ကောင်းကင်က ကျလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာရဲ့ အနောက်ဘက် တစ်မိုင်လောက်အကွာမှာ နိုဝင်ဘာလ ၁ဝ ရက်နေ့က ကောင်းကင်ကပြုတ်ကျလာတဲ့ သတ္တုအစိတ်အပိုင်း တစ်ခုကို တွေ့ရစဉ်။ Photo : Ko Ko Jade
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာရဲ့ အနောက်ဘက် တစ်မိုင်လောက်အကွာမှာ ဒီကနေ့ မနက်အစောပိုင်းက ကောင်းကင်ကနေ သတ္တုအစိတ်အပိုင်း တစ်ခုပြုတ်ကျခဲ့လို့ အစိုးရတာဝန်ရှိသူတွေက စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

အဲဒီနေရာအနီးနားတဝိုက်ကို လုံခြုံရေးယူထားပြီး အန္တရာယ်ရှိ၊ မရှိကို ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးသွားမယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က အခုလိုပြောပြပါတယ်။

မှော်စီစာရွာအနီးက လုပ်ငန်းမစရသေးတဲ့ ပြည်တန်ရတနာနဲ့ ခိုင်လုံ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်နှစ်ခုကြားကို အဲဒီသတ္တုအစိတ်အပိုင်း ကျရောက်ခဲ့တာပါ။

အသံကြီးကြားရပေမယ့် အနီးအနားမှာရှိတဲ့ လူတွေကို ထိခိုက်တာမရှိဘူးလို့ မှော်စီစာရွာရဲ့ ရပ်မိမရပ်ဖ ဦးဝင်းထိန်က ဆိုပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူ အထိတ်တလန့်မဖြစ်စေဖို့အတွက် လက်ရှိမှာ အစိုးရတပ်မတော်က လုံခြုံရေးရယူထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဖားကန့်မှာ သတ္တုအစိတ်အပိုင်း တစ်ခု ကောင်းကင်က ကျလာ ဖားကန့်မှာ သတ္တုအစိတ်အပိုင်း တစ်ခု ကောင်းကင်က ကျလာ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.